Caribbean Night

by Bartender Pyone for Food Magazine

          နောက်ထပ်ကော့တေးလ်လေးကတော့ အရက်ပြင်းပြင်းလည်း မသောက်နိုင်၊ ကော့တေးလ်လေးတော့ မြည်းစမ်းကြည့်ချင်တယ်ဆိုတဲ့ မိန်းကလေးတွေ ပိုအကြိုက်တွေ့စေမယ်လို့ ထင်ပါတယ်။ မွှေးပျံ့တဲ့ သစ်သီးလေးတွေကို အရက်ချိုမြမြလေးနဲ့ ပေါင်းစပ်ထားလို့ ချစ်စရာလည်းကောင်းပြီး သောက်လို့လည်းကောင်းတဲ့ ပုံစံလေးပါပဲ။ ဖရဲသီးပေါ်တဲ့ ရာသီမှာဆိုရင် သူငယ်ချင်းတွေအတွက် ဝိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး သောက်ကြည့်ကြမယ်ဆိုရင်လည်း သင့်တော်တာမို့ Party Drinks လေးအနေနဲ့ ဖော်ပြလိုက်ရပါတယ်။

လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့-

Rum  –  50 ml

Watermelon  –  4 – 5 pcs

Coconut Cream  –  20 ml

Lime Juice  –  20 ml

Blueberry Syrup  –  30 ml

ပြုလုပ်နည်း

          အားလုံးစုံပြီဆိုရင်တော့ ဖရဲသီးစိတ်ထားတဲ့ အနေတော် ၃ စိတ်ကို Blender ထဲ ထည့်လိုက်ပါ။ ပြီးလျှင် အုန်းနို့အနည်းငယ်ကို အနံ့ပါရုံ 20 ml ခန့်နှင့် ရမ် (Rum)၊ Lime Juice နှင့် Blueberry Syrup တို့ကိုလည်း အချိုးကျထည့်ကာ ရေခဲမပါဘဲ ခပ်ပြင်းပြင်းလေး မွှေပေးလိုက်ပါ။ ပြီးသည်နှင့် ပုံပါအတိုင်း ဖန်ခွက်အမျိုးအစားထဲသို့ ရေခဲ ၂ တုံး၊ ၃ တုံးခန့်ထည့်ကာ အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ အချိုကြိုက်လျှင် ဘယ်ရီအနှစ်ကလေး အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ ကဲ… ဖရဲသီးရဲ့ချိုဆိမ့်တဲ့ အရသာလေးကို  အုန်းနို့နံ့သင်းသင်းလေးနဲ့ တွဲဖက်ပြီး သုံးဆောင်ကြည့်လိုက်ရအောင်ပါ။

Facebook Comments