
15 - June - 2018
Blueberry Mocha
by Ko Zaw Phone for Food Magazing
ဒီလမှာတော့ ကော်ဖီ၊ ချောကလက်နဲ့ ဘလူးဘယ်ရီအသီးတို့ ပေါင်းစပ်ပြီး ကော်ဖီပူလေးတစ်ခွက်ကို တင်ဆက်ပါတယ်။ အမည်ကိုတော့ Blueberry လို့ ပေးထားပါတယ်။
ပါဝင်ပစ္စည်းများကတော့ လတ်လတ်ဆတ်ဆတ် ဖျော်ယူတဲ့ အက်စပရပ်စိုကော်ဖီ၊ ချောကလက်အနှစ်နဲ့ ဘလူးဘယ်ရီသီးအနှစ်တို့ကို အချိုးကျကျ ပါဝင်ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
Blueberry Fruit Puree – 0.5 oz
Dark Chocolate Sauce – 0.5 oz
Espresso – 30 ml
Steamed Milk – 4 oz
Whipped Cream & Mint Leave for Garnishing
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ခွက်ထဲမှာ Chocolate Sauce နှင့် အက်စပရပ်စိုကော်ဖီကို ရောထည့်မွှေထားပါ။
၂။ နွားနို့အေးကို အဖျော်ဆရာသုံး စတီးခွက်ထဲထည့်ပြီး အပူချိန် 60-65˚C ရောက်အောင် အပူပေးပြီး နံပါတ် (၁) ပါဝင်ပစ္စည်းများထဲသို့ လောင်းထည့်လိုက်ပါ။
၃။ အပေါ်ဆုံးမှ Whipped Cream နဲ့ ပူဒီနာအရွက်လေးများနှင့်အတူ Chocolate Sauce နှင့် အလှဆင်နိုင်ပါတယ်။