Blueberry Cupcake (ဘလူးဘယ်ရီကပ်ကိတ်)

by Dexter Bistro for Food Magazine

ရှားပါးတဲ့ ဘလူးဘယ်ရီသီးကို ရိုးစင်းလွယ်ကူစွာ လုပ်ပေးလိုက်တာမို့ Blueberry Lover လေးတွေရဲ့  အပြုံးလေးတွေလည်း မြင်နိုင်ပါတယ်လို့…။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး –  ၁  ၂/၃ ခွက်

ဘေကင်ပေါင်ဒါပွဆေး –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘေကင်ဆော်ဒါပွဆေး –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြားဖြူရိုးရိုး –  ၂/၃ ခွက်

ကြက်ဥ (အလုံးကြီး) –  ၃ လုံး (အခန်းအပူချိန်)

ဟင်းရွက်ဆီ (Vegetable Oil) –  ၁/၂ ခွက်

ဗနီလာအနံ့ရည် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘလူးဘယ်ရီသီး –  ၁ ခွက်

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါပွဆေးနှင့် ဆား တို့ကို ရောနှောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ သကြားဖြူနှင့် ကြက်ဥကို ရောနှောပြီး လျှပ်စစ်လက်မွှေတံ နဲ့ ဖြူပြီး ပွလာတဲ့အထိ ၃ မိနစ်ခန့် မွှေပါ။

၃။       ဟင်းရွက်ဆီကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       ဗနီလာအနံ့ရည် ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ဂျုံမှုန့်အရောအနှောကို ရောထည့်ပြီး သမအောင် မွှေပါ။

၆။       ဘလူးဘယ်ရီသီးကို ရောထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။

၇။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက်ထည့်ထားတဲ့ Cupcake Pan ထဲ အညီအမျှ လောင်းထည့်ပါ။ (ကပ်ကိတ် ၁၂ ခု ရပါမယ်။)

၈။       အာဗင်ကို 375˚F (190˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို မိနစ် ၂၀ ခန့် ဖုတ်ပါ။

၉။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments

Menu