Black Bean Garlic Udon with Jumb Shrimp

by Dexter Bistro for Food Magazine

          ကမ္ဘာကျော် Lee Kun Kee တံဆိပ်ရဲ့ Black Bean Garlic Sauce ကို သုံးပြီး ပုစွန်ကောင်တွေနဲ့ ချက်ပြထားတဲ့ ဒီ Seafood Udon ခေါက်ဆွဲလေးကို ကြိုက်နှစ်သက်ကြမှာပါ။

လိုအပ်သောပစ္စည်းများ

အူဒုန် (Udon) ခေါက်ဆွဲ  –  ၁ ပေါင်

ဂေါ်ဖီထုပ် (Cabbage)  –  ၁၀ အောင်စ (သို့) ၅ ခွက် (အမျှင်ပါးပါးခြစ်ပြီးသား)

ပုစွန်ကောင်ကြီး (Jumbo Shrimp)  –  ၁၄ ကောင် (အခွံနွှာ၊ အညစ်အကြေးသန့်စင်ပြီးသား)

သံလွင်ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

Lee Kun Kee တံဆိပ်  –  စားပွဲဇွန်း ၃ ဇွန်း

Black Bean Garlic Sauce

ပန်းသီးရည် (Apple Juice)  –  ၁  ၁/၂ ခွက်

ဆားနှင့် ငရုတ်ကောင်းမှုန့်  –  စိတ်ကြိုက်

ကြက်သွန်မြိတ် (Green Onion)  –  ၃/၄ ခွက် (အတုံးသေးသေးလှီးထားပါ)

ပြုလုပ်နည်း

၁။       ရေပွက်ပွက်ဆူမှာ အူဒုန်ခေါက်ဆွဲကို ၃ မိနစ်ခန့် ပြုတ်ပြီး ရေနှင့်ကျင်ပါ။ သီးသန့် ဖယ်ထားပါ။

၂။       ရေဆူထဲ ဂေါ် ဖီထုပ်ကိုထည့်ပြီး ၃ မိနစ်ခန့် ပြုတ်ကာ ရေအေးစိမ်ပြီး သီးသန့်ဖယ်ပါ။

၃။       အိုးကို သန့်စင်ပြီး သံလွင်ဆီ ၂ ဇွန်းထည့်ပါ။ အပူပေးပြီး ပုစွန်ကို လှိမ့်ကြော်ပါ။ (အရောင်ပြောင်းလျှင် တစ်ဖက်လှည့်ပါ။)

၎။       ပုစွန်ကို သီးသန့်ဖယ်ပြီး ငွေရောင်စက္ကူအုပ်ပါ။

၅။       Black Bean Garlic ဆော့စ်ကို ပန်းသီးရည်နှင့် သမအောင် ရောနှောပြီး အိုးထဲ လောင်းထည့်ကာ အပူပေးပါ။

၆။       ပန်းသီးရည်အရောအနှောဆူလာလျှင် ဂေါ်ဖီထုပ်ကိုထည့်ပြီး သမအောင်မွှေပါ။

၇။       ပုစွန်ကိုထည့်ကာ ဆော့စ်နှင့် သမအောင် ရောနှောပြီး သီးသန့်ဖယ်ထုတ်ပါ။

၈။       အူဒုန်ခေါက်ဆွဲကိုထည့်ပြီး ဆော့စ်နှင့် သမအောင် မွှေပေးပါ။

၉။       ၃ မိနစ်ခန့်ကြာလျှင် ပုစွန်ကို ပြန်ရောထည့်ပြီး သမအောင် မွှေပါ။

၁၀။     ဆားနှင့် ငရုတ်ကောင်းမှုန့် လိုအပ်လျှင် ထည့်ပါ။

၁၁။     ကြက်သွန်မြိတ်ကို ဖြူးပေးပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments