BBQ Lotus Root  ကြာစွယ်ကင်

by Myint Oo Tha for Food Magazine

          အကင်ဆိုင်တွေမှာ လူကြိုက်များတာကတော့ ကြာစွယ်ကင်ပါ။ ကြာစွယ်ကင်ပေါ်မှာ ဖြူးတဲ့  အရသာမှုန့်စပ်နည်းလေးကို ရေးပေးထားတဲ့အတွက် အလွယ်တကူ လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြာစွယ်  –  ၂၀ဝ ဂရမ်

ကော်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –  အနည်းငယ်

အရသာမှုန့်စပ်ရန်အတွက် လိုအပ်တာတွေကတော့-

ငရုတ်သီးအရောင်တင်မှုန့်  (Paprika)  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

Cajun  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းအမည်းမှုန့်  (Black Pepper)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူ (Garlic Powder)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်နီ (Onion Powder)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား (Sea Salt)  –  အနည်းငယ်

သက်သတ်လွတ်အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       အရသာမှုန့်စပ်ရန်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို ပန်းကန်လုံးအသေးထဲ ထည့်ပြီး နှံ့စပ်အောင် ရောစပ်ထားပါ။

၂။       ကြာစွယ်ကို အခွံခွာပြီး ပါးပါးလှီးပါ။ ပြီးလျှင် အစေးကုန်သွားအောင် ရေစိမ်ထားပါ။

၃။       အိုးတစ်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ထားပါ။

၎။       ရေဆူလျှင် ရေစိမ်ထားတဲ့ ကြာစွယ်ကို ထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပါ။

၅။       ပြီးလျှင် ဆယ်ယူပြီး ဆန်ခါထဲ ထည့်၍ ရေစစ်ထားပါ။

၆။       ရေခြောက်သွားလျှင် ပန်းကန်လုံးထဲ ထည့်ပါ။ ပြီးလျှင် ကော်မှုန့် စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး နယ်ပါ။

၇။       မကပ်တဲ့အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ကြာစွယ်ကို ကြော်ပါ။ (ကြာစွယ်ကို ဆီများများနဲ့ ကြော်နိုင်သလို မီးသွေးမီးဖြင့် ကင်လည်း ရပါတယ်။)

၈။       ကြော်ထားတဲ့ ကြာစွယ်ကို စပ်ထားတဲ့အရသာမှုန့်နဲ့ နယ်ပါ။

၉။       ပြီးလျှင် မန်ကျည်းချဉ်ဖြင့် စားပါ။

Facebook Comments