BBQ Lady Finger ရုံးပတီသီးကင်

by Myint Oo Tha for Food Magazine

          အကင်ဆိုင်တွေမှာ လူကြိုက်များတဲ့ အစားအစားလေးပါ။ အကင်ပေါ်မှာ ဖြူးတဲ့ အရသာမှုန့်ကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် မတူညီကြပါဘူး။ ရယ်ဒီမိတ်လာတဲ့ အရသာမှုန့်တွေလည်း ရှိပါတယ်။ အခုလို ကိုယ်တိုင်စပ်တော့ သန့်ရှင်းမှုလည်းရှိပြီး မိမိလိုချင်တဲ့ အရသာကိုလည်း ဖန်တီးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ရုံးပတီသီး  –  ၁၂ တောင့် (၁၇၉ ဂရမ်)

ဆီ  –  အနည်းငယ်

အရသာမှုန့်စပ်ရန် လိုအပ်တာတွေကတော့-

ငရုတ်သီးအရောင်တင်မှုန့် (Paprika)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းအမည်းမှုန့် (Black pepper)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူ (Garlic Powder)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (နုပ်နုပ်စဉ်း)

ကြက်သွန်နီ (Onion Powder)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (နုပ်နုပ်စဉ်း)

ဆား (Sea Salt)  –  အနည်းငယ်

သက်သတ်လွတ်အရသာမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       အရသာမှုန့်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို ပန်းကန်လုံးအသေးထဲ ထည့်ပြီး မွှေထားပါ။

၂။       ရုံးပတီသီးကို သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ။

၃။       ပြီးလျှင် ရုံးပတီသီးရဲ့  ထိပ်နှစ်ဖက်ကို လှီးပါ။ ပြီးလျှင် ၃ ပိုင်း ပိုင်းပါ။

၎။       မကပ်တဲ့ ဒယ်အိုးအပြားကို မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ပြီးလျှင် ဆီအနည်းငယ် သုတ်ပါ။

၅။       ပြီးလျှင် ရုံးပတီသီးထည့်ပြီး ကြော်ပါ။ (မီးသွေးမီးနဲ့ ကင်မည်ဆိုလျှင် ဝါးချောင်းများကို ရေစိမ်ထားပါ။ ပြီးလျှင် လှီးထားတဲ့ ရုံးပတီသီးအပိုင်းများကို ဝါးချောင်းဖြင့် သီပါ။ မီးသွေးမီးဖြင့် ကင်တဲ့အခါ ဆီနည်းနည်းသုတ်ပြီး ကင်ပါ။ ကင်ပြီးလျှင် စပ်ထားတဲ့ အရသာမှုန့် ဖြူးပေးပါ။)

၆။       ရုံးပတီသီးကျက်လျှင် စပ်ထားတဲ့ အရသာမှုန့်နဲ့ နယ်ပါ။

Facebook Comments