Basil Smashed Orange Pineapple Espresso Soda

Basil Smashed Orange Pineapple Espresso Soda

ဒီမေလမှာတော့ အက်စပရပ်စိုကော်ဖီကို စူးစူးရှရှ ဆိုဒါနဲ့တွဲဖက်အခြေခံထားတဲ့ ကော်ဖီအေးဆန်းဆန်း လေးတစ်ခွက်ကို ဖန်တီးပါမယ်။ သဘာဝအသီးများဖြစ်သော ပျားလိမ္မော်နှင့် နာနတ်သီးတို့ကို ပေါင်းစပ်အသုံးပြု ပြီး အနံ့အနေနဲ့တော့ ကော်ဖီမှာထည့်နေကြမဟုတ်တဲ့ (Basil) ပင်စိမ်းရွက်တို့ကို အသုံးပြုသွားမှာ ဖြစ်တဲ့အတွက် သောက်လိုက်ရင် ဆန်းကြယ်တဲ့ခံစားမှုမျိုးကို ရရှိစေမှာပါ။

ဒီ Drink လေးကို ပြုလုပ်တဲ့နေရာမှာ သကြားအညို Brown Sugar ကို အသီးများနဲ့ ပင်စိမ်းရွက်တို့နဲ့ ပေါင်းစပ် ပြီး အပူပေးကျိုချက်ပြီး ထုတ်လုပ်ထားတဲ့ Home Made Signature မူပိုင် Sauce နဲ့ ဖျော်စပ်မှာ ဖြစ်တဲ့အတွက် လည်း ဆန်းကြယ်တဲ့ခံစားမှုတစ်မျိုးကို ရရှိစေမှာပါ။ Enjoy your coffee ပါပဲခင်ဗျာ။

   ပါဝင်ပစ္စည်းများ

♦   Orange   –   ၁ လုံး

♦   Pineapple   –   ၁၅၀ ဂရမ်

♦   Brown Suagr   –   4 Teaspoons

♦   Basil Leaves   –   15 nos

♦   Espresso   –   ၆၀ မီလီ

♦   Soda   –   ၄၅ မီလီ

♦   Ice   –   6 oz

♦   Water   –   1 oz

(For Souce)

♦   Basil & Pineapple

Leves garnish

   မူပိုင် Sauce ချက်နည်း

၁။      ပျားလိမ္မော်နှင့် နာနတ်သီးအတုံးလေးများတုံးပြီး ပင်စိမ်းရွက်များနှင့်အတူ Blender မွှေစက်ဖြင့် ကြိတ်ပါ။

၂။      မွှေပြီးသား အနှစ်ကိုသကြားအညို၊ ရေတစ်အောင်စနှင့်တူ မီးဖိုပေါ်တွင် ၃ မိနစ် မီးအေးအေးဖြင့် အပူပေးပြီး Sauce မွှေချက်လိုက်ပါ။

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ချက်ပြီသား Sauce ကို ဆန်ခါဖြင့် အရည်စစ်ချပါ။

၂။      Sauce အရည်ကို ရေခဲတုံးထည့်ပြီးသား ခွက်ထဲသို့ အရင်လောင်းထည့်ပါ။

၃။      အက်စပဂရပ်စိုကော်ဖီကို အပေါ်မှလောင်းထည့်လိုက်ပါ။

၎။      Soda ကို အပေါ်ဆုံးမှာ ထပ်ထည့်လိုက်ပါ။

၅။      အပေါ်ဆုံးတွင် ပင်စိမ်းရွက်၊ နာနတ်ရွက်တို့နှင့် ခွက်ကိုအလှဆင်လိုက်ပါ။

►   စာရေးသူ

ကိုဇော်ဘုန်း

Head of Element Coffee Academy (ECA)

facebook.com/elementMyanmar

facebook.com/ElementCoffeeAcademy

၁၀၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Ph: 01-524935, 511118

Facebook Comments