Basil Chicken Pizza Roll

by Sofia for Food Magazine

          စားနေကျပုံစံနဲ့ မတူတဲ့ ပီဇာအလိပ်ပြုလုပ်နည်းလေး ဖြစ်ပါတယ်။ လုပ်စားကြည့်ကြရအောင်နော်။

ပီဇာဂျုံနယ်ရန် ပါဝင်ပစ္စည်းများ

ဂျုံ  –  ၁ ကီလို

Yeast  –  ၄ ဂရမ်

သကြား  –  ၂၀ ဂရမ်

ဆား  –  ၂၀ ဂရမ်

နွားနို့  –  ၂၅ မီလီလီတာ

သံလွင်ဆီ  –  ၄၀ မီလီလီတာ

ရေခဲ  –  ၈၀ ဂရမ်

ရေ  –  ၄၂၀ မီလီလီတာ

အိမ်စားများအနေဖြင့် မိမိပြုလုပ်မည့်အပေါ်  ချိန်ဆပြုလုပ်ပါ။

ပီဇာဂျုံပြုလုပ်နည်း

၁။       ဂျုံနှင့် Yeast ကို ဦးစွာ သမအောင် မွှေပါ။

၂။       ကျန်ပါဝင်ပစ္စည်းအားလုံးကို ရောပြီး ရေခဲ၊ ဆား၊ သကြား ပျော်အောင် မွှေပြီးပါက ဂျုံနှင့် Yeast အရောထဲ ထည့်နယ်ပါ။

၃။       ဂျုံသားပြောင်ချောလာသည်အထိ နယ်ပါ။ ပြီးလျှင် ၂၀ဝ  ဂရမ်ဆိုဒ် အလုံးလေးများလုံးပြီး ဆီသုတ်ကာ ဂျုံဖြူးထားသော ဗန်းမှာ ၂ လက်မလောက်ခြား၍ စီထည့်ပြီး ပလတ်စတစ်လုံအောင် ပိတ်ကာ ရေခဲသေတ္တာမှာ နှပ်ထားပါ။

၎။       ပီဇာမလုပ်ခင် ၁ ရက် (သို့) နေ့ဝက်လောက် ကြိုလုပ်ထားတာက လက်နဲ့ဖြန့်ရတာ ပိုအဆင်ပြေပါတယ်။

၁ ရက်တည်းမကုန်လျှင် ဂျုံကို ရေခဲသေတ္တာမှာ ၃ ရက်လောက် အထားခံပါတယ်။

          ပုံမှာ ဖော်ပြထားတဲ့ အရွယ်မှာ ၄၀ဝ ဂရမ် (၁ လုံး) ဖြစ်ပါတယ်။

ပီဇာပြုလုပ်နည်း

          ပီဇာလုပ်ဖို့ လိုအပ်သော အဓိကပစ္စည်းကတော့ ပီဇာဆော့စ်နှင့် ချိစ်တို့ ဖြစ်ပါတယ်။ ကျန်တဲ့ ပါဝင်ပစ္စည်းတွေကတော့ မိမိပြုလုပ်မည့် ပီဇာအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ Basil Chicken Pizza အတွက် ကြက်သားနှင့် ပင်စိမ်းကြော်ထားတာကို အသုံးပြုထားပါတယ်။

Pizza Sauce ပြုလုပ်နည်း

          ခရမ်းချဉ်သီးအခွံနွှာပြီးသား Ready-made ဘူးကို အရည်နည်းနည်း ညှစ်ထုတ်ပြီး မညက်တညက် ကြိတ်ထားပါ။ ဆား၊ သကြား၊ သံလွင်ဆီနှင့် ဥမနါညေသ တို့်ကို ထည့်ပြီး သမအောင်မွှေပါ။ ချိစ်ကိုတော့ Mozzarella Cheese ကို သုံးပါတယ်။

ပီဇာပြုလုပ်နည်း

၁။       နှပ်ထားပြီးသားဂျုံကို ဂျုံမှုန့်ဖြူးပြီး ဖြန့်ကာ ဆီသုတ်ထားသောဗန်း (သို့) ဆန်ခါပေါ် တင်ပါ။

၂။       ပီဇာဆော့စ်ကို ဘေးအနား ၂ စိတ်လောက် ချန်ထားပြီး လူးပေးပါ။

၃။       ဆော့စ်အပေါ်မှ ချိစ်ဖြူးပါ။

၎။       မိမိပြုလုပ်မည့်အဆာတို့ကို ထည့်ပါ။

၅။       ပြီးလျှင် အပေါ်မှ ချိစ်အနည်းငယ် အရောင်လှအောင် ထပ်ဖြူးပြီး Oven မှာ  အပေါ် ၂၈၀ ဒီဂရီ၊ အောက် ၂၀ဝ ဒီဂရီ မီးဖြင့် ၅ မိနစ်၊ ၆ မိနစ်ခန့် ဖုတ်ပြီး မုန့်အရောင်ရကာ မုန့်သားကျက်ပါက လှီးဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ။

          Pizza Roll ပြုလုပ်ရန်မှာ ဖြန့်ပြီးသားဂျုံမှာ ဆော့စ်ချိစ်နှင့် အသားကြော်ထားသည်တို့ကို ထည့်၍ လိပ်ပြီး Oven မှာ ကင်ပါ။

Facebook Comments