Baked Egg Plant

 

by Evy’s Kitchen for Food Magazine

          အဆာပြေစားဖို့ သင့်တော်မယ့် ခရမ်းသီးကင်ပါ။ ကင်တယ်ဆိုပေမယ့် ခပ်ကြွပ်ကြွပ်လေးရအောင် ကင်တာမို့ စားလို့ကောင်းပါတယ်။ တကယ်လို့ Oven အဆင်မပြေဘူးဆိုရင်လည်း ဆီနဲ့ကြော်လို့ရပါတယ်။ ကြော်တာက ပိုပြီး ကြွပ်ရွတာကြောင့် ပိုလည်း စားကောင်းပါလိမ့်မယ်။

          ခရမ်းသီးအသေးကို သုံးနိုင်သလို အကြီးလည်း သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ခရမ်းသီး အကြီး  –  ၁ လုံး

ကြက်ဥ  –  ၁ လုံး

Bread Crumb  –  1 cup

ဂျုံ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရောင်တင်မှုန့်  –  လက်ဖက်ရည် ဇွန်း ၁ ဇွန်း

ထောပတ်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ခရမ်းသီးကို လက်တစ်လုံးလျော့လျော့ အထူလေးတွေလှီးပြီး ဆားဖြူးကာ ၁၅ မိနစ်ခန့် ထားပါ။ ပြီးမှ ရေဆေးကာ ရေခြောက်အောင် ပြန်သုတ်ထားပါ။

၂။       ကြက်ဥကို ခေါက်ထားပေးပါ။

၃။       Bread Crumb၊ ဂျုံ၊ ဆား၊  အရောင်တင်မှုန့်ကို ရောမွှေပါ။

၎။       ခရမ်းသီးကို ကြက်ဥရည်လူးပြီး အကြော်မှုန့်ကပ်ပါ။

၅။       ဆီသုတ်ထားတဲ့ ဗန်းပေါ်မှာတင်ပြီး အပေါ်က ထောပတ်နည်းနည်းတင်ပါ။

၆။       ၂၀ဝ ဒီဂရီ အပူပေးထားတဲ့ Oven မှာ မိနစ် ၂၀ ခန့် ကင်ပါ။

၇။       ကြွပ်ကြွပ်ကလေးနဲ့ စားကောင်းတဲ့ ခရမ်းသီးကင်ကို မရောနိစ်၊ အချဉ်ရည်နဲ့တွဲကာ သုံးဆောင်နိုင်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments