Bacon Chocolate Mayonnaise (ချောကလက်ဘေကင်မရောနိစ်ကပ်ကိတ်)

by Dexter’s Bistro for Food Magazine

          ဒီကပ်ကိတ်လေးကတော့ အချို၊ အငန် အရသာ ၂ မျိုးကို တစ်ကြိမ်တည်း ခံစားနိုင်ရုံမက ချောကလက်ရဲ့ အရသာ လေးနက်မှုလည်း ခံစားနိုင်တယ်။ ဘေကင်အသားလေးရဲ့ ငန်ကျိကျိအရသာအပြင် ကိုက်လိုက်ရင်လည်း ဆီနည်းနည်း လေး ထွက်လာတာက အဲဒီကပ်ကိတ်လေးရဲ့ ထူးခြားမှုလေးပါပဲ။

ပါဝင်ပစ္စည်းများ

ရိုးရိုးဂျုံမှုန့်  –  ၂ ခွက်

သကြားဖြူရိုးရိုး  –  ၁ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆော်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

Cocoa Powder  –  စားပွဲဇွန်း ၂ ဇွန်း

မရောနိစ်  –  ၁ ခွက်

နွားနို့  –  ၁ ခွက်

Cooked Bacon Chip  –  ၁/၂ ခွက်

White Chocolate Chip  –  ၁/၂ ခွက်

ပြုလုပ်နည်း

၁။       အိုးကြီးတစ်အိုးထဲ ဂျုံမှုန့်၊ သကြား၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါပွဆေး၊ ဆားနှင့် Cocoa Powder တို့ကို ရောထည့်၍ သမအောင်မွှေပြီး ဆန်ခါစစ်ချပါ။

၂။       အိုးသေးတစ်အိုးထဲ မရောနိစ်နှင့် နွားနို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၃။       မရောနိစ်နှင့် နွားနို့အရောအနှောကို ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၎။       Cooked Bacon Chip ၁/၄ ခွက်နဲ့ White Chocolate Chip ၁/၄ ခွက်ကို လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၅။       အရောအနှောကို ကပ်ကိတ်စက္ကူခွက်ခင်းထည့်ထားတဲ့ ကပ်ကိတ်ဗန်းထဲ ၃/၄ ပြည့်ရုံ အညီအမျှဖြည့်ထည့်ပါ။

၆။       ကျန်ရှိတဲ့ Cooked Bacon Chip ၁/၄ ခွက်နှင့် White Chocolate Chip ၁/၄ ခွက်ကို ကပ်ကိတ်ခွက်တွေအပေါ် အညီအမျှထည့်ပြီး လက်သန်းနဲ့ ဖွဖွဖိချပေးပါ။ (ကပ်ကိတ် ၁၂ ခွက် ရပါမယ်။)

၇။       အာဗင်ကို 350˚F (180˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ထည့်၍ ၂၅-၃၀ မိနစ်ခန့် ဖုတ်ပါ။

၈။       တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့်စားသုံးနိုင်ပါပြီ။

Facebook Comments

Menu