AVOCADO CUPCAKE (ထောပတ်သီး ကပ်ကိတ်)

by Dexter’s Bistro for Food Magazine

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ဘေကင်ဆိုဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ထောပတ်သီး (အမှည့်)  –  ၁ လုံး (ခြေထားပါ)

သကြားဖြူရိုးရိုး  –  ၁ ခွက်

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး

ဟင်းရွက်ဆီ  –  ၁/၂ ခွက်

နွားနို့   –  ၂/၃ ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆိုဒါပွဆေး၊ ဆားကို ရောထည့်၍ သမအောင်မွှေပြီး ဆန်ခါစစ်ချပါ။

၂။       နောက်အိုးတစ်အိုးထဲ သကြားနဲ့ ကြက်ဥကို ရောထည့်ကာ လျှပ်စစ်လက်မွှေတံနှင့် အရော အနှောဖြူပြီး ပွလာသည်အထိ ၇ မိနစ်ခန့် မွှေပေးပါ။

၃။       ဟင်းရွက်ဆီကို လောင်းထည့်ပြီး သမအောင်မွှေပေးပါ။

၎။       ခြေထားတဲ့ ထောပတ်သီးကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၅။       ဂျုံမှုန့်ပွဆေး  အရောအနှောကို  ဖြည်းဖြည်းချင်း လောင်းထည့်ပြီး နွားနို့နှင့် အလှည့်ကျ သမအောင် မွှေပေးပါ။

၆။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက် ခင်းထည့်ထားတဲ့ ကပ်ကိတ်ပဲန်ထဲ အညီအမျှ လောင်းထည့်ပေးပါ။

၇။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီး ကပ်ကိတ်ပဲန်ကို ၁၆ မိနစ် (သို့) ၁၈ မိနစ် ဖုတ်ပေးပါ။

၈။       တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး တုတ်တံအထုတ်မှာ မုန့်သား ကပ်မပါလာလျှင် ကပ်ကိတ်ပဲန်ကို အာဗင်ကထုတ်ကာ အအေးခံပြီး အရသာရှိတဲ့ ထောပတ်သီးကပ်ကိတ်ကို သုံးဆောင်နိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments