Asian Style Hot & Spicy Spaghetti (ချဉ်စပ်အီတလီခေါက်ဆွဲ) (သက်သတ်လွတ်)

by Myint Oo Thar for Food  Magazine

ဒီလိုမျိုး ချဉ်ချဉ်စပ်စပ် Pasta မျိုးကိုတော့ လူတိုင်းကြိုက်နှစ်သက်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်လို့ အကြိမ်ကြိမ်လုပ်စားဖြစ်တဲ့ Pasta ပါ။

(သက်သတ်လွတ်မဟုတ်ရင်တော့ ပဲငံပြာရည်အစား ထိုင်းငံပြာရည်ကို သုံးနိုင်ပါ တယ်။ ပြီးတော့ ပုစွန်၊ ဒါမှမဟုတ် ပင်လယ်စာနဲ့လည်း ချက်နိုင်ပါတယ်။)

ပါဝင်ပစ္စည်းများ

Spaghetti –  ၁ ထုပ် (၅၀ဝ ဂရမ်)

ခရမ်းချဉ်သီးဘူး –  ၂ ဘူး (Blenderထဲ ထည့်ပြီး ကြိတ်ထားပါ)

ထိုင်းငရုတ်သီးအနှစ် –  ၁၀ဝ ဂရမ်

ပဲငံပြာရည် –  စားပွဲဇွန်း ၂ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ –  ၁၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

မှိုအစို –            ၂၀ဝ ဂရမ်

နံနံပင် –  ၄ ပင် (ပါးပါးလှီးထားပါ)

 

အနှစ်အတွက် ထောင်းရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့…

စပါးလင် –  ၂ ချောင်း (ပါးပါးလှီးထားပါ)

ငရုတ်သီးမှည့်အနီအတောင့်သေး – ၆ တောင့်

ရှောက်ဘီလူးရွက် –  ၈ ရွက် (ပါးပါးလှီးထားပါ)

ပတဲကော –  ၁၀ ဂရမ်

ပြုလုပ်နည်း

၁။       အနှစ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရောပြီး ထောင်းထားပါ။

၂။       Spaghetti တစ်ထုပ်ကို အညွှန်းမှာပါတဲ့အတိုင်း ပြုတ်ပါ။

၃။       Spaghetti ပြုတ်နေစဉ်မှာ ဆော့စ်ချက်ရမှာ ဖြစ်ပါတယ်။

၎။       ဆော့စ်ချက်မယ့်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် နုပ်နုပ် စဉ်းထားတဲ့ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီပျော့သွားလျှင် မှိုထည့်ပြီး ကြော်ပါ။

၅။       ပြီးလျှင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး၊ ထောင်းထားတဲ့ ထိုင်းငရုတ်သီးအနှစ်၊ ငံပြာရည်နှင့် သကြားတို့ကို ထည့်ပြီးချက်ပါ။ ထိုင်းငရုတ်သီးအနှစ်နှင့် ဆော့စ်ကို နှံ့စပ်အောင် မွှေပြီး ချက်ပါ။

၆။       ပြုတ်ထားတဲ့ Spaghetti ကျက်လျှင် ဆော့စ်အိုးထဲ ထည့်ပါ။ ပြီးလျှင် နှံ့စပ်အောင် မွှေပါ။

၇။       ပြီးလျှင် ပန်းကန်ထဲထည့်၍ နံနံပင်ထည့်ပြီး သုံးဆောင်ပါ။

Facebook Comments