Asian Style Fried Pasta (အာရှစတိုင် အီတလီခေါက်ဆွဲကြော်) (သက်သတ်လွတ်)

by Myint Oo Thar for Food Magazine

ကလေးရော လူကြီးပါ ကြိုက်နှစ်သက်ကြတဲ့ Pasta  အမျိုးအစားပါ။ လွယ်ကူပြီး အရသာရှိတဲ့အတွက် အချိန်မရွေး လုပ်ထားနိုင်တဲ့ Pasta လည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

အီတလီခေါက်ဆွဲ –  ၁/၂ ထုပ် (၂၅၀  ဂရမ်)

ပဲငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးဆော့စ် –  စားပွဲဇွန်း ၃ ဇွန်း

ထိုင်းငရုတ်သီးဆော့စ် –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်အမည်း –  အနည်းငယ်

ပဲပြား –  ၂ တုံး (အတုံးသေးသေးတုံးထားပါ)

ဟော်လန်ကြက်သွန် –  ၈၀ ဂရမ်

ကြက်သွန်ဖြူ –  ၂၀ ဂရမ်

မုန်လာဥနီ –  ၇၀  ဂရမ်

ခရမ်းချဉ်သီး –  ၁၀ဝ ဂရမ်

ကြက်သွန်မြိတ် –  ၂ ပင်

ဆီ –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       အီတလီခေါက်ဆွဲကို အထုပ်မှာပါတဲ့အညွှန်းအတိုင်း ပြုတ်ပြီး ဆယ်ယူထားပါ။

၂။       ခေါက်ဆွဲကြော်ရန်အတွက် ဆီအိုးတည်ပါ။ ဆီပူလျှင် တုံးထားတဲ့ ပဲပြားကို နီညို ရောင်သန်းအောင်ကြော်ပြီး ဆယ်ယူထားပါ။

၃။       ပြီးလျှင် ကြက်သွန်ဖြူဆီသတ်ပါ။ ပြီးလျှင် မုန်လာဥနီနှင့် ကြက်သွန်အဝါကို ထည့်ပြီး ကြော်ပါ။

၎။       ကြက်သွန်နည်းနည်းပျော့ပြီဆိုလျှင် ပြုတ်ထားတဲ့ အီတလီခေါက်ဆွဲထည့်ပါ။

၅။       ပြီးလျှင် ခရမ်းချဉ်သီးဆော့စ်၊ ထိုင်းငရုတ်သီးဆော့စ်၊ ငရုတ်ကောင်းမှုန့်နှင့် ပဲငံပြာရည်တို့ကို ထည့်ပြီး မွှေပါ။

၆။       နောက်ဆုံးမှာ ခရမ်းချဉ်သီးထည့်ပြီး ကြော်ပါ။ ပြီးလျှင် ကြော်ထားတဲ့ ပဲပြားနှင့် ကြက်သွန်မြိတ်ထည့်ပြီး မွှေပါ။

 

Facebook Comments

Menu