Apricot Jam Square (အက်ပလီကော့ယို စကွဲ)

by Dexter’s Bistro for Food Magazine

          ထောပတ်နှင့် ခရင်မ်ချိစ်ကို တွဲဖက်ပြီး လုပ်ပေးလိုက်တဲ့  ဒီ Square Cake လေးက Apricot Jam လေးနဲ့ အဆီအအိမ့်အရသာကို ပြေစေတယ်။ ကြိုက်နှစ်သက်ရာ ကော်ဖီ (သို့) လက်ဖက်ရည်နဲ့လည်း အဆင်ပြေစေတယ်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၃/၄ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း

ခရင်မ်ချိစ် (cream cheese)  –  ၄ အောင်စ (အခန်းအပူချိန်)

ထောပတ်  –  စားပွဲဇွန်း ၈ ဇွန်း (အခန်းအပူချိန်)

သကြားဖြူရိုးရိုး  –  ၁/၂ ခွက်

ကြက်ဥ  –  ၁ လုံး (အလုံးကြီး)(အခန်းအပူချိန်)

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့  –  စားပွဲဇွန်း ၂ ဇွန်း

Apricot Jam  –  ၁/၂ ခွက် (သို့) ၃/၄ ခွက်

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်ရိုးရိုး၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ ခရင်မ်ချိစ်၊ ထောပတ်နှင့် သကြားကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနှင့် ၃ မိနစ်ခန့် မွှေပါ။

၃။       ကြက်ဥနှင့် ဗနီလာအနံ့ရည်၊ နွားနို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       ဂျုံမှုန့်အရောအနှောကို လောင်းထည့်ပြီး သမအောင် မွှေပါ။

၅။       မုန့်နှစ်ရည်ကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ ၈” x ၈” လေးထောင့် ဗန်းထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီအောင်ညှိပေးပါ။

၆။       Apricot Jam ကို မုန့်နှစ်မျက်နှာပြင်ပေါ် ၁” x ၁”  စကွဲ ခန့်မှန်းခြေသတ်မှတ်ပြီး အစက် ၁၆ စက် အညီအမျှ ထည့်ပါ။

၇။       အာဗင်ကို ၃၅၀˚F (၁၈၀˚C) ချိန်၍ ကြိုအပူပေးပြီး မုန့်ဗန်းကို ၂၀ မိနစ်ခန့် ဖုတ်ပါ။

၈။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားလုံးဝကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

မှတ်ချက် – မုန့်ဗန်းကို ၁” x ၁” စကွဲအရွယ် ၁၆ တုံး လှီးဖြတ်ပြီး သုံးဆောင်ပါ။

Facebook Comments