ANZAC Cookies

ANZAC Cookies

          ဒီကွတ်ကီးလေးကတော့ သြစတေးလျ၊ နယူးဇီလန် နိုင်ငံတွေမှာ လူသိများ လူကြိုက်များတဲ့ ကွတ်ကီး လေးပါ။ သူ့ရဲ့သမိုင်းကတော့ စစ်ထွက်သွားတဲ့စစ်သား ၂ ယောက်ရဲ့ အမျိုးသမီး ၂ ယောက်ကသူတို့ ခင်ပွန်း တွေဆီ ကြာရှည်အထားခံတဲ့ ဒီကွတ်ကီးလေးတွေကိုပို့ပေးရာကနေ Anzac  ကွတ်ကီးရယ်လို့ အမည်တွင် တယ် ဖတ်ရဖူးပါတယ်။  ANZAC   ကတော့ ဗကျအမေူငညေ Australian and New Zealand Army Corps ကို အတိုကောက်ခေါ်ထားတဲ့နာမည်ပါ။ ပါဝင်ပစ္စည်းများလည်း အလွယ်တကူရနိုင်ပြီး မွှေစက်တောင်သုံးစရာ မလိုအောင် လွယ်ကူမြန် ဆန်လွန်းပါတယ်။ လုပ်နည်းကြည့်ကြရအောင် –

►   ပါဝင်ပစ္စည်းများ

♦   Self-raising Flour-    ၁၁၅ ဂရမ်

♦   Rolled Oats    –   ၆ဝဂရမ်

♦   အုန်းသီးခြောက်   –   ၄ဝ ဂရမ်

♦   သကြားအညို   –   ၈၅ ဂရမ်

♦   ထောပတ်   –   ၁၁၅ ဂရမ်

♦   ဆီ   –    စားပွဲဇွန်း ၁ ဇွန်း

♦   ပျားရည်   –   လက်ဖက်ရည်ဇွန်းတစ်ဇွန်းမောက်မောက်

♦   ရေ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   Bicarbonate of Soda –    လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ

►   ပြုလုပ်နည်း

၁။      ဂျုံ၊ Rolled Oats ၊ အုန်းသီးခြောက်နှင့် သကြားများကို ဇလုံတစ်ခုထဲတွင် ရောမွှေထားပါ။ ထောပတ် နဲ့ ပျားရည်ကိုမီးပေါ်တွင် အပူချိန်အနည်းဆုံးနဲ့ အပူပေးပါ။

၂။      ထောပတ်ပျော်လာပါက ရေကိုထည့်မွှေကာ ဆိုဒါကိုလည်း ရောမွှေပေးပါ။ ထို့နောက် ဂျုံအရောထဲ ထည့်ပေးကာ ဆီကိုလည်းထည့်မွှေပါ။

၃။      ပုံပါအတိုင်း အဝိုင်းပုံဖော်ကာ ၁၈ဝ ဒီဂရီအပူပေးထားသောအာဗင်တွင် ၁၅ မိနစ်ခန့် ဖုတ်ပေးပါ။

၎။      ကြွပ်ကြွပ်ရွရွ အုန်းသီးအရသာလေးလေးပင်ပင် ပါဝင်တဲ့ Anzac Cookies အသင့်ဖြစ်ပါပြီ။

၅။      လုံးဝအေးအောင်ထားပြီးမှ ဗန်းမှထုတ်ကာလေလုံဘူးတွင် ထည့်ပြီးသိမ်းပါ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments