Almond Square (အဲယ်မန်စကွဲ)

by Dexter Bistro for Food Magazine

          Almond အနံ့၊ Almond သီး အရသာလေးနဲ့ လုပ်ပေးထားတဲ့ ဒှီဆကမေန မုန့်လေးကလည်း တခြား Square မုန့်တွေနဲ့ မတူဘဲ တစ်မူထူးခြားပြီး အရသာကဲပါတယ်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၃/၄ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၆ ဇွန်း (အခန်းအပူချိန်)

ရိုးရိုးသကြားဖြူ  –  ၁  ၁/၂ ခွက်

ကြက်ဥ  –  ၁ လုံး (အလုံးကြီး) (အခန်းအပူချိန်)

Almond Extract  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နွားနို့  –  ၃/၄ ခွက်

Almond Slice  –  ၃/၄ ခွက်

ပြုလုပ်နည်း

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးမှာ ထောပတ်နှင့် သကြားဖြူကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၃ မိနစ်ခန့် မွှေပါ။

၃။       ကြက်ဥနှင့် Almond Extract ကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       နွားနို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ဂျုံမှုန့်အရောအနှောကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၆။       Almond Slice တစ်ဝက်ကို ရောထည့်၍ ဇွန်းကြီးတစ်ချောင်းနဲ့ Fold လုပ်ပြီး ရောနှောပေးပါ။

၇။       မုန့်နှစ်ရည်ကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ 8″ x 8″ Square Pan ထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီညာအောင်လုပ်ပါ။

၈။       ကျန်ရှိတဲ့ Almond Slice ကို မုန့်နှစ်ရည်မျက်နှာပြင်ပေါ် အညီအမျှ ဖြန့်ဖြူးပေးပါ။

၉။       Oven ကို 350˚F (180˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၃၅ မိနစ်ခန့် ဖုတ်ပါ။

၁၀။     မုန့်ဖုတ်နေတုန်း ၁၅ မိနစ်အကြာမှာ မုန့်သားမျက်နှာပြင်ညိုလာလျှင် Aluminium Foil ကို မုန့်ဗန်းအပေါ် ဖွဖွလေးအုပ်ပေးပါ။

၁၁။     တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ လေးထောင့်အညီလှီးပြီး စားသုံးနိုင်ပါပြီ။

Facebook Comments