Cojito

Cojito

            ပထမဆုံးတစ်ခုအနေနဲ့ကတော့ ရမ်ကို အခြေခံထားတဲ့ Cojito ကော့တေးလ်လေးပါ။ စာရေးသူက ကော့တေးလ်ဖျော်မယ်ဆိုရင်  Alcohol ထဲမှာ Rum ကို တော်တော်အကြိုက်တွေ့ပါတယ်။ ရမ်က သူ့ချည်းပဲ ဆိုလည်း အနံ့ကကောင်းမွန်ပြီး သောက်လို့အဆင်ပြေသလို တွဲဖက်တစ်ခုအနေနဲ့ အုန်းသီးအနံ့အရသာလေး နဲ့ပါ ပေါင်းလိုက်ရင် တော်တော်ကိုအဆင်ပြေတဲ့ Drinks တစ်ခုရလာပါတယ်။ အခုဒီမှာလည်း ရမ်နဲ့ Coconut အတွဲ ကော့တေးလ်လေးကို ချပြသွားပါ့မယ်။ ပါဝင်ပစ္စည်းကမများဘဲ အရသာကလည်း မဆိုးတာမို့ ဒီတစ်လ စာရေးသူအကြိုက်ဆုံး ကော့တေးလ်လေးလို့ ပြောလည်းရပါတယ်။

►    လိုအပ်မယ့်ပစ္စည်းတွေကတော့

♦   Rum (ရမ်)   –   30 ml

♦   Malibu Rum   –   15 ml

    (Malibu တံဆိပ် အုန်းသီးအနံ့အရသာရှိသော ရမ်)

♦   Lime Juice   –   10 ml

    (လတ်လတ်ဆတ်ဆတ်ညှစ်ယူထားသော သံပရာရည်အနည်းငယ်)

♦   Strawberry Juice   –   90 ml

♦   Sugar Syrup   –   5 ml ( အနည်းငယ်သာ)

♦   Mint Leaves   –   1 spring (ပူစီနံရွက်အနည်းငယ်)

►    ပြုလုပ်ပုံကတော့

            ရှေးဦးစွာ Shaker ထဲသို့ ပူစီနံရွက် အနည်းငယ်ကိုထည့်ကာ အနံ့ထွက်ရုံ ကြိတ်ခြေလိုက်ပြီးလျှင် ဖော်ပြပါ ပါဝင်ပစ္စည်းများကို သူ့အချိုးအစားအတိုင်း ချင်တွယ်၍ထည့်လိုက်ပါ။ ပြီးလျှင် ရေခဲ နှစ်တုံး၊ သုံးတုံးခန့် ထည့်ပြီးလျှင် သမသွားအောင် အနည်းငယ်ရှိတ်ပြီးပါက ဖန်ခွက်ထဲကိုလောင်းထည့်ကာ အသင့်သုံးဆောင် နိုင်ပါပြီ။ သကြားရည်ကို အချိုကြိုက်သောသူများအတွက်သာ ထည့်ထားတာဖြစ်လို့ အချိုမကြိုက်ဘူးဆိုတဲ့ သူများက သကြားရည်မထည့်လည်း စတော်ဘယ်ရီ Juice ရဲ့ အချိုနဲ့တင် လုံလောက်ပါတယ်လို့။ နောက်ဆုံးအနေနဲ့ကတော့ Garnish ကို ချယ်ရီသီးလေးနဲ့ ပူစီနံရွက်လေး တစ်ခက်လောက်ဆိုရင်ကို ပြီးပြည့်စုံသွားပါပြီ။ ကဲ Mojito Cocktail မဟုတ်တဲ့ အသွင်တစ်မျိုးနဲ့ Cojito Cocktail လေးကို ဖျော်သောက်ပြီး အရသာခံကြည့်ရအောင်ပါ။

♦   Pyone   ♦

Facebook Comments