ရှူးရှဲကကတစ်ငါးသောက်ဆမ်း

by My Foodies for Food Magazine

          မွန်ရိုးရာ ဟင်းတစ်မျိုးကို ပြီးခဲ့တဲ့နှစ်တွေက Food & Travel ရေးစဉ်အခါက သင်ယူခဲ့ပါတယ်။ အဲဒီတုန်းကတော့ ငါးခေါင်းဟင်းဖြစ်မယ်လို့ ထင်ပါတယ်။ အခုတစ်ခါ ကတော့ အသားစားလို့ကောင်းတဲ့ ကကတစ်ငါးလေးနဲ့ ချက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကကတစ်ငါး  –  ၁ ကောင်

ဆား  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

စပါးလင်  –  ၁ ချောင်း

စိမ်းစားငါးပိ  –  အနည်းငယ်

ကြက်သွန်နီ  –  ၁ ဥ

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း  –  ၁၀ တောင့်

မန်ကျည်းမှည့်  –  အနည်းငယ်

ငရုတ်ကောင်းအမည်း  –  ၁၀ စေ့

ပင်စိမ်း  –  ၃ ခက်

ငံပြာရည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

သကြား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ငါးကို အကြေးခွံခွာပြီး ဗိုက်ဖောက်၍ သန့်စင်ဆေးကြောကာ အနေတော် အတုံးလေးများတုံးပါ။ ဆား၊ နနွင်းနှင့် နယ်ပြီး ခဏနှပ်ထားပါ။

၂။       စပါးလင်တစ်ချောင်းကို ထုထုံးပြီး ကြက်သွန်နီဥတစ်လုံး ညက်အောင်ထောင်းပါ။ စပါးလင်နှင့်အတူ နနွင်းမှုန့်အနည်း ငယ်ခတ်  စိမ်းစားငါးပိထည့်ပြီး ကြက်သွန်နီ နွမ်းလာသည်အထိ ဆီသတ်ပေးပါ။

၃။       နယ်နှပ်ထားသောငါးကို ထည့်ပြီး အိုးကို လှုပ်မွှေကာ ငါးအသားတင်းသည်အထိ ဆီသတ်ပါ။ ရေနွေးအနည်းငယ်ထည့်ပြီး ဆူလာအောင်တည်ပါ။

၎။       မန်ကျည်းမှည့်အနှစ်ကို ရေနွေးစိမ်ကာ အရည်စစ်ပြီး ထည့်ပါ။ ဒီနေရာမှာ ရိုးရာအစားအစာမှာတော့ မရမ်းသီးခြောက်ကို သုံးပါတယ်။

၅။       အရသာအတွက် ဆား၊ ငံပြာရည်၊ သကြားတို့ကို သုံးပြီး စိတ်ကြိုက်အရသာရအောင် ပြင်ဆင်ပါ။

၆။       အားလုံးပြီးလျှင် ငရုတ်သီးစိမ်းထောင်းပြီးခတ်ပါ။ ငရုတ်ကောင်းမှုန့်ထည့်၊ ပင်စိမ်းရွက် အုပ်ပြီးလျှင် ချက်ပြုတ်ခြင်း အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments