ရိုးရှင်း ဆီဇာ ဆလတ်ရွက်သုပ် (Simple Caesar’s Salad)

by Chef Sunny for Food Magazine

ဒီလအတွက်FoodMagazineပရိသတ်ကြီးကိုနောက်ထပ်ရိုးရှင်းစွာဖော်ပြပေးလိုက်တဲ့ဟင်းလျာလေးကတော့ ‘ရိုးရှင်း ဆီဇာ ဆလတ်ရွက်သုပ်’ လေးပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Food တွေထဲမှာလည်း ပါဝင်ပါတယ်။ ပြင်ဆင်ရတာ လွယ်ကူသလောက် အာဟာရတန်ဖိုးကတော့ မြင့်မားပါတယ်။ ဆီဇာဆလတ်ရွတ်သုပ် မူလပုံစံကတော့ ဘေကွန်လို့ခေါ်တဲ့ ဝက်ဗိုက်သား (သို့) ကျောသားအငန်၊ ကျပ်တိုက်သားကို သုံးကြတာများပါတယ်။ ယခု ကျွန်တော်ပြင်ဆင်ထားတဲ့ပုံစံကတော့ လူမျိုး ဘာသာမရွေးစားသုံးနိုင် အောင် ဆာလ်မွန်ငါးအငန် ကျပ်တိုက်သားနဲ့ ပြင်ဆင်ထားပါတယ်။ မလိုင်ချဉ် (Sour Cream) အလွယ်တကူမရနိုင်ရင်တော့ အဲဒီအစား မရောနိစ်နဲ့ ဒိန်ချဉ်ကို ပမာဏတူပေါင်းစပ်ပြီးပြင်ဆင်နိုင်ပါတယ်။ ကဲ… ရိုးရှင်းတဲ့ ဥရောပအစား အစာလေးတွေ ပြင်ဆင်ကြည့်ကြရအောင်…။ OK…

ပါဝင်ပစ္စည်းများ

ရိုမန် ဆီဇာ ဆလတ်ရွက် –  ၁ ဖူး

ဆာလ်မွန်ငါးအငန်ကျပ်တိုက် –  ၁၀ဝ ဂရမ်

ငါးလေးအငန် (ဗညခ့သလပ) –  ၁၀ ဂရမ်

ကြက်ဥ –  ၂  လုံး

မလိုင်အချဉ် (Sour Cream) –  ၄ ဇွန်း

မာ့စတတ် မုန်ညင်းဆော့စ် –  ၁ ဇွန်း

(Dijon Mustard)

သံလွင်ဆီ –  ၃  ဇွန်း

သံပရာရည် –  ၁ ဇွန်း

ပါမီဆန်ချိစ်အခဲ –  ၅၀ ဂရမ်

ဆား၊ ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ပေါင်မုန့်ကြမ်း –  ၃ ချပ်

ပင်စိမ်း ပက်စတိုဆော့စ် –  ၁ ဇွန်း

(Pesto Spread)

ပြုလုပ်နည်း

၁။       ရိုမန်ဆီဇာဆလတ်ရွက်ကို အရှည်တိုင်း ထက်ပိုင်းလှီးဖြတ်ပြီး ဆားခတ်ထားတဲ့ ရေခဲရေထဲမှာ

၅ မိနစ်ခန့် စိမ်ထားပါ။

၂။       ကြက်ဥကို ရေဆူဆူထဲ ၉ မိနစ်ခန့် မကျက်တကျက်ပြုတ်ပြီး ရေခဲရေထဲမှာ ၅ မိနစ်ခန့်စိမ်၍ အအေးခံ ထားပြီးမှ အခွံနွှာထားပါ။

၃။       မလိုင်အချဉ် (Sour Cream) နှင့် မာ့စတတ် မုန်ညင်းဆော့စ် (Dijon Mustard) ကို ရောသမမွှေပေးပြီး ကြက်ဥတစ်လုံးရဲ့ အနှစ်ကိုပါ ထည့်မွှေပါ။ သံပရာရည် အနည်းငယ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊

ငါးလေးအငန် (Anchovy) အနည်းငယ်တို့ဖြင့် အရသာထိန်းညှိထားပါ။

၎။       အသင့်ရေခဲရေစိမ်ထားတဲ့ ရိုမန်ဆီဇာဆလတ်ရွက်ကို ရေစစ်ပြီး ပန်းကန်ထဲ ထည့်ထားပါ။

၅။       ကြက်ဥပြုတ်ကိုလည်း သတိထားပြီး ဖြည်းဖြည်းချင်းအခွံနွှာ၍ ထက်ခြမ်းလှီးဖြတ်ပြီး ပန်းကန်ထဲ ထည့်ပါ။

၆။       ဆာလ်မွန်ငါးအငန်ကျပ်တိုက်ကို ရိုမန်ဆီဇာဆလတ်ရွက်ဘေးမှာ ကတော့ထိုးပြီး စီထားပါ။

၇။       အသင့်ပြင်ဆင်ထားတဲ့ ဆီဇာဆလတ်ဆော့စ်ကို ဆာလ်မွန်ငါးအငန်ကျပ်တိုက်နှင့် ဆီဇာဆလတ် ရွက်တို့အပေါ်မှာ လောင်းချပေးပါ။

၈။       ဆလတ်ရွက်သုပ်ကို အလှဆင်သည့်အနေဖြင့် အပေါ်မှာ ပါမီဆန်ချိစ်အတုံးလိုက်ကို ခြစ်ချပေးပြီး သံပရာသီးတစ်စိတ်နှင့် တွဲဖက်တည်ခင်းပါ။

၉။       အသင့်ပြင်ဆင်ထားတဲ့ ပေါင်မုန့်ကြမ်းကို ပင်စိမ်းအနှစ်ဆော့စ် (Pesto Spread) သုတ်၍ မီးကင်ပြီး ရိုးရှင်း  ဆီဇာ ဆလတ်ရွက်သုပ်နှင့် တွဲဖက်တည်ခင်းနိုင်ပါတယ်။

Facebook Comments

Menu