နှစ်ပြန် အုန်းသီးကောက်ညှင်းပေါင်း (Double Steam Coconut Sticky Rice)

by Syi Lwin Foods Garden for Food Magazine

          ကောက်ညှင်းနှစ်ပြန်ပေါင်းက စားလိုက်ရင် စိမ့်စိမ့်လေးပါ။ အိမ်မှာ ပေါင်းတဲ့နည်းလေးကို အားလုံးလုပ်စားကြည့်လို့ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်း  –  ၂ ခွက် (ညကတည်းက ရေစိမ်ထားပါ)

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

နှမ်းနက်၊ နှမ်းဖြူ  –  စားပွဲဇွန်း ၁၀ ဇွန်း

အုန်းသီး  –  ၁ လုံး (ခြစ်ထားပါ)

ကောက်ညှင်းပေါင်းပဲ  –  ၁ ဘူး (ဆားထည့်ပြီး ပြုတ်ထားပါ)

ပြုလုပ်နည်း

၁။       နှစ်ထပ်ပေါင်းအိုးထဲ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်များကို တစ်ညလုံးပေါင်းပြီး ဖြန့်ထည့်ပါ။ ပြီးလျှင် ကောက်ညှင်းကို ၂၅ မိနစ်ခန့် ပေါင်းပါ။

၂။       နူးအိလာတဲ့ ကောက်ညှင်း ပူပူအိုးထဲ ခြစ်ထားသော အုန်းသီးများထည့်ပြီး သေချာ ကောက်ညှင်းနှင့် အုန်းသီးတို့ကို ရောသမအောင်မွှေပါ။ ပြီးလျှင် အဖုံးအုပ်ပြီး ကောက်ညှင်းဖြူကို ၈၊ ၁၀ မိနစ်ခန့် ထပ်၍ပေါင်းပါ။ အငွေ့တက်ပြီး ရနံ့သင်းမွှေးလာလျှင် ရပါပြီ။

၃။       နှမ်းနှင့် ဆားရောပြီး ထောင်းထားပါ။

၎။       ပန်းကန်ထဲ ကောက်ညှင်းများ ထည့်ပြီး ဆား၊ နှမ်း၊ အုန်းသီး (ကြိုက်သလို ထပ်ဖြူးပါ)၊ ကောက်ညှင်းပေါင်းပဲများဖြင့် ပူပူလေးရောပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments