နွားနို့ချက် (Myanmar Milk Curry)

by Myint Oo Tha for Food Magazine

          ဒီဟင်းလေးက ကျွန်တော့်အမေကြီး (အဘွား)နဲ့ မေမေ အမြဲချက်ကျွေးတဲ့ဟင်းပါ။ မန်ကျည်းရွက်နုချိန်ဆိုလျှင် မန်ကျည်းရွက် ချဉ်ရည်ဟင်းကျဲကျဲလေး ချက်ပြီး ငရုတ်သီးစိမ်းထောင်းလေးနဲ့ အင်မတန်လိုက်ဖက်တဲ့ ဟင်းပါ။

လိုအပ်တဲ့ Ingredients တွေကတော့ …

နွားနို့စစ်စစ်  –  ၁.၈ လီတာ

ကြက်သွန်နီ  –  ၂၀ဝ ဂရမ်

ခရမ်းချဉ်သီးမှည့်မှည့်  –  ၁၅၀ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆီ  –  စားပွဲဇွန်း ၄ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်သွန်နီကို ပါးပါးလှီးပြီး ခရမ်းချဉ်သီးကို အတုံးသေးသေး တုံးထားပါ။ (အဘွားနဲ့ မေမေကတော့ ခရမ်းချဉ်သီးမှည့်မှည့်ကို လက်နဲ့ပဲ ခြေပြီး ထည့်ပါတယ်။)

၂။       ပြီးလျှင် အိုးထဲကို  နွားနို့၊ လှီးထားတဲ့ကြက်သွန်နဲ့ ခရမ်းချဉ်သီး၊ ဆီ၊ ဆားထည့်ပြီး ချက်ပါ။

၃။       ချက်မယ့်အိုးက ခပ်ကြီးကြီးဖြစ်ဖို့ လိုပါတယ်။ အစပိုင်း ချက်တဲ့အခါမှာ  မွှေစရာမလိုဘဲ တည်ထား နိုင်ပါတယ်။

၎။       နောက်ပိုင်း နွားနို့ပျစ်လာတဲ့အခါမှာတော့ မကပ်စေဖို့ မွှေပေးရပါမယ်။

၅။       တဖြည်းဖြည်းနဲ့ နွားနို့ပျစ်လာပြီ၊ ခရမ်းချဉ်သီးနဲ့ ကြက်သွန်လည်း ကြေသွားတဲ့အခါ နွားနို့က အဖြူရောင် ကနေ အနီရောင်ဖျော့ဖျော့လေး ပြောင်းလာပါမယ်။

၆။       အဆက်မပြတ်မွှေပေးပြီး ပျစ်ခဲလာလျှင် အဆင်သင့်ဖြစ်ပါပြီ။ (ကျွန်တော်ကတော့ အိုးမကပ်စေဖို့အတွက် nonstick အိုးကို သုံးပြီး ချက်ပါတယ်။)

www.facebook.com/Myint Oo Tha

Facebook Comments