ကြိုးစားစိုက်ရင်း ချက်ဖို့ဟင်း

by နန်းစန်းစန်းအေး (အဓိပတိ – ဖြူး)  for Food Magazine

ဇူလိုင်လမှာတော့ ဆရာမနန်းစန်းစန်းအေးက “ပုစွန်ကင်ပွန်းချဉ်ရွက်ချက်” အပါအဝင် ဟင်းလျာအတွဲအစပ်

(၇) မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ကကတစ် မန်ကျည်းသီးချက်၊ မုန်လာပင်ပေါက်ကြော်၊ ပဲဝါလေးဟင်းရည်၊ ငရုတ်သီးထောင်း။

၂။       ရေဘဝဲချဉ်စပ်၊ ဖလံတောင်ဝှေးကြော်၊ သခွားသီးဟင်းရည်၊ ပုစွန်ခြောက်ငါးပိချက်။

၃။       ကြက်သားလုံးအချိုချက်၊ ရှောက်သီးသုပ်၊ ကြာဆံဟင်းခါး၊ ပူဒီနာငရုတ်သီးထောင်း။

၎။       ငါးခြောက်အုန်းနို့ချက်၊ ချဉ်ပေါင်ခါးဟင်းရည်၊ ပဲပင်ပေါက် ပဲပြားကြော်၊ ငရုတ်သီး အညာထောင်း။

၅။       အမဲသားအာလူးမဆလာချက်၊ သရက်သီးသုပ်၊ ပဲကြီးဆူးပုပ်ဟင်းရည်၊ ငရုတ်သီးကြော်။

၆။       ပုစွန်ကင်ပွန်းချဉ်ရွက်ချက်၊ ရွှေဖရုံသီးဆီပြန်၊ အသီးအရွက်စုံဟင်းရည်၊ ရေကျိုငါးပိထောင်း။

၇။       ဝက်ကလီစာဆီပြန်ချက်၊ မုန်လာဥအချဉ်ဟင်း၊ ပဲသုပ်၊ ငါးပိကြော်။

ကြိုးစားစိုက်ရင်း ချက်ဖို့ဟင်း

“မမ… စားပွဲပေါ်က သရက်စေ့တွေကို လွှင့်မပစ် နဲ့နော်”

“ဒီတိုက်ခန်းပေါ်မှာ သရက်ပင် စိုက်မလို့လား…”

“ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အစေ့ တွေ လမ်းသွားရင်း ပစ်ချခဲ့မလို့”

“ဟယ်တော့… အပင်စိုက်တာ အဲဒီလောက် လွယ် သလား… မဟုတ်မှလွဲရော ဖေ့စ်ဘွတ်ခ်ထဲက တွေ့ခဲ့တာမှ ဟုတ်ရဲ့လား…”

“ဟုတ်တယ်… မြန်မာပြည်မှာ အခုမှလုပ်မလို့။ ထိုင်း တွေက လုပ်တာ ကြာပြီတဲ့ မမရေ…”

“ဪ… ဝေးဝေးလံလံတွေ လျှောက်ပြောနေပြန် ပါပြီ။ မေမေရွာပြန်ပြီး အပင်စိုက်တာ နင် တစ်ခါမှ စိတ် မဝင်စားဘူး မဟုတ်လား။ စပါးစိုက်တော့ ရှုံးတယ်။ သရက်ပင်ကို အခုလို အစေ့ပစ်တာ မဟုတ်ဘူး။ သေသေ ချာချာတွင်းတူး၊ မြေဆွေးထည့်ပြီး စိုက်တာ။ ဖြစ်မလာ

လို့ စိတ်တွေတိုပြီး ထမင်းဆိုင်ဖွင့်ရောင်းနေတာ”

“အရေးအရာလုပ်ပြီး တစ်ခါမှ မပြောတော့မသိဘူး လေ။ မေမေလား… အပင်စိုက် မရလို့ ထမင်းဆိုင်ဖွင့်တာ။ မယုံဘူး…”

“အေးလေ… ဟုတ်တော့ဟုတ်ပါတယ်။ ထမင်းဆိုင် ဖွင့်ဖို့ အမြဲစိတ်ကူးနေတဲ့ အမေ ဆိုတာ တစ်အိမ်လုံး သိနေ တာပဲ။ အထူးအဆန်းပြောမနေတော့ဘူး”

“ဆိုင်တွေ စပိတ်တော့ မေမေ့လက်ရာတွေ ညီမတို့ အဖို့ စားရပြီ အောက်မေ့တာ။ အခုလို အမေနဲ့ ဝေးနေရ တော့ ဝမ်းနည်းစရာကောင်းတယ်”

“သနားစရာကောင်းတဲ့ ညီမလေးကို မမက ထမင်း ချက်ကျွေးမယ်လေ”

“ကြက်သားကြော်၊ ကြက်ဥကြော်၊ ငါးခြောက်ဖုတ် ဆိုရင်တော့ မစားဘူး”

“ရတယ်… အခုပုစွန်သေးသေးလေးတွေကို ကင်ပွန်း ချဉ်ရွက်နဲ့ချက်၊ ရွှေဖရုံသီးဆီပြန်၊ အသီးအရွက်စုံဟင်း ရည်၊ ရေကျိုငါးပိထောင်း၊ တို့စရာဆိုရင် ကြိုက်မလား…”

ပုစွန်အသေး ၂၀ ကျပ်သားကို အခွံအားလုံးခွာ၊ ချေးကြောင်းတွေ ထုတ်၊ ရေစင်စင်ဆေးပြီး ရေစစ်ထား မယ်။ ရေစစ်ရင် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ အရသာ လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်နယ်မယ်။ ချက်မယ့်အိုးထဲ ဆီ ၅ ကျပ်သား ထည့်ပြီး ဆီပူရင် ကြက်သွန်နီကြီး ၁ ဥ၊ ကြက်သွန်ဖြူ ၂ ဥ၊ ငရုတ်ပွ ၃ တောင့်ကို အစေ့ထုတ် ရေစိမ်ပြီး ရောထောင်းထားတဲ့ အဆာထည့်ကြော်မယ်။ အဆာဖတ်တွေ ရွှေဝါရောင် တောက်ပြီး ဆီပေါ်တက်လာရင် အဆင်သင့်ကြိတ်ထားတဲ့ ကိုင်းခရမ်းချဉ်သီး ၂ လုံး ထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းရင် ပုစွန်နဲ့ အရွက်ြွေခထားတဲ့ ကင်ပွန်းချဉ် ရွက်နုလက်တစ်ဆုပ်ထည့်မယ်။ ငါးငံပြာရည် စတီးဇွန်းကြီး ၁ ဇွန်းထည့်ပြီး ပွက်ပွက်ဆူလာရင် ပုစွန် ကင်ပွန်းချဉ် ရွက်ဟင်းရပါပြီ။ ဆား၊ အရသာကိုတော့ လိုသလို  မြည်း ကြည့်ပြီး ဖြည့်ပေးပါမယ်။

ရွှေဖရုံသီးဆီပြန်အတွက် ဖရုံသီးတစ်စိတ်၊ အခွံနွှာ တာကြိုက်ရင် အခွံနွှာပြီး အနေတော်တုံးမယ်။ အခွံမနွှာ ဘဲ ချက်ရင်လည်း ရပါတယ်။ ဆီ ၅ ကျပ်သားထဲ ချင်း လက်

တစ်ဆစ်နဲ့ ကြက်သွန်ဖြူ ၅ မြွှာ ရောထောင်းထားတဲ့ အဆာထည့်ကြော်မယ်။ ချင်းနံ့မွှေးပြီး အဝါရောင်သန်း လာရင် ဖရုံသီးစိတ်တွေ ထည့်မယ်။ ဆား လက်ဖက်ရည် ဇွန်း တစ်ဝက်၊ သကြား ဇွန်းရဲ့ သုံးပုံတစ်ပုံ ထပ်ထည့်မယ်။ ရေ ၁၀ ကျပ်သား တစ်ခွက်ဖြည့်ပြီး အဖုံးအုပ် တည်မယ်။ ရေခန်းပြီး ဆီပြန်လာရင် ရှမ်းနံနံ လေး၊ ငါးရွက် ပါးပါးလှီးပြီး ထပ်ထည့်မယ်။ အရသာအနေတော်ဖြစ်ပြီဆိုရင်တော့ ရွှေဖရုံသီးဆီပြန်ရပါပြီ။

ရေကျိုငါးပိထောင်းအတွက် ငါးရံ့ ကြီးငါးပိရေကျို တစ်ကောင်ကို ရေနည်းနည်းနဲ့ ခန်းအောင်ပြုတ်မယ်။ အသားအားလုံး နွှင်ယူပြီး ငရုတ်သီးစိမ်း ၁၅ တောင့်နဲ့ ကြက်သွန်ဖြူ ၁ ဥကို မီးဖုတ်ပြီး ရောထောင်းရင် ရေကျို ငါးပိထောင်း ရပါပြီ။

အသီးအရွက်စုံဟင်းရည်အတွက် ခြံထဲမှာ စိုက် ထားတဲ့ ဘူးညွန့်၊ ဖရုံညွန့်၊ အောင်မဲညိုအညွန့်၊ ပဲညွန့် အားလုံးကို ရေစင်စင်ဆေးပြီး ငါးရံ့အနံ့ (သို့) ငါးပနော် တစ်ကောင်ရဲ့ အသား၊ ကြက်သွန်ဖြူ/နီ အနည်းငယ်စီနဲ့ ရေ ၁ လီတာ ပေါင်းထည့်ပါမယ်။ ပွက်ပွက်ဆူပြီး သုံးပုံ တစ်ပုံကျရင် အရွက်နဲ့အားလုံး ထည့်ခတ်ပြီး ဆား၊ အရသာ သင့်ရုံထည့်လိုက်ပါ။ ပူပူနွေးနွေးနဲ့ ဟင်းရည် သောက် တစ်ခွက် ရပါပြီ။

ဘာမှ မစိုက်တာနဲ့စာရင် လွှင့်ပစ်သလိုပဲ စိုက်စိုက်၊ ကျကျနနစိုက်ချင်ရင် စိုက်ပြီး ချက်စားလို့ရတဲ့ ဟင်းအတွဲ အစပ်လေးပါ။

ရွှေဖရုံသီးဆီပြန်

ရွှေဖရုံသီး –  ၁ စိတ်

ဆီ –  ၅ ကျပ်သား

ချင်း –  လက်တစ်ဆစ်

ကြက်သွန်ဖြူ –  ၅ မြွှာ

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြား –  စတီးဇွန်း ၁/၃ ဇွန်း

ရေ –  ၁၀ ကျပ်သား (၁ ခွက်)

ရှမ်းနံနံ –  ၄-၅ ရွက်

အသီးအရွက်စုံဟင်းရည်

ငါးရံ့ (သို့) ငါးပနော်  –  ၁ ကောင်

ကြက်သွန်ဖြူ –  အနည်းငယ်

ရေ –  ၁ လီတာ

ဆား –  အနည်းငယ်

ဘူးညွန့်၊ ဖရုံညွန့်၊ အောင်မည်းညိုအညွန့်၊ ပဲညွန့်

ပုစွန် ကင်ပွန်းချဉ်ရွက်ချက်

ပုစွန် –  ၂၀ ကျပ်သား

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် –  အနည်းငယ်

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ဆီ –  ၅ ကျပ်သား

ကြက်သွန်နီ –  ၁ ဥ

ကြက်သွန်ဖြူ –  ၂ ဥ

ငရုတ်ပွတောင့် –  ၃ တောင့်

ကိုင်းခရမ်းချဉ်သီး –  ၂ လုံး

ကင်ပွန်းချဉ်ရွက်နု –  လက်တစ်ဆုပ်

ငါးငံပြာရည် –  စတီးဇွန်းကြီး ၁ ဇွန်း

ရေကျိုငါးပိထောင်း

ငါးရံ့ –  ၁ ကောင်

ငရုတ်သီးစိမ်း –  ၁၅ တောင့်

ကြက်သွန်ဖြူ  –  ၁ ဥ

 

Facebook Comments