မြိတ်ငါးပိထောင်းဟင်း

by Myint Oo Tha for Food Magazine

          မြိတ်တံငါသည်ဟင်းလို့လည်း ခေါ်လို့ရမယ်ထင်ပါတယ်။ ပင်လယ်ကရလာတဲ့ ငါးအမျိုးမျိုးနဲ့ ပုစွန် အသေးလေးတွေကို အိမ်မှာ အဆင်သင့်ရှိနေတဲ့ မြိတ်ငါးပိထောင်းနဲ့ ပအုံးရည်နဲ့ ချက်တဲ့ ဒေသအစားအစာ လေးပါ။

ပါဝင်ပစ္စည်းများ

မြိတ်ငါးပိထောင်းနည်း

ငါးပိ  –  စားပွဲဇွန်း ၂ ဇွန်း (မီးကင်ထားပါ)

ငရုတ်သီးမှည့်အနီ (အစို)  –  ၅၀ဝ ဂရမ်

ငရုတ်သီးစိမ်း  –  ၁၅၀ ဂရမ်

ကြက်သွန်ဖြူ  –  ၃၅ ဂရမ် (မီးကင်ထားပါ)

ပုစွန်ခြောက်  –  ၄၀ ဂရမ်

အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရောပြီး ထောင်းထားပါ။

မြိတ်ငါးပိထောင်းဟင်းအတွက် လိုအပ်တာတွေကတော့-

ကင်းမွန်  –  ၃၀ဝ ဂရမ် (သန့်ရှင်းထားပါ)

ကြိုက်နှစ်သက်ရာ ငါးအသေး  –  ၃၅၀ ဂရမ်

(ငါးမုတ်အဖြူအသေးကို သုံးထားပါတယ်)

ပုစွန်အသေး  –  ၁၅၀ ဂရမ်

ငါးနပ်  –  ၃၅၀ ဂရမ်

ပအုံးရည်  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ရေ  –  ၇၀ဝ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်လုံးထဲ ရေထည့်ပြီး ဆူအောင်တည်ပါ။

၂။       ရေဆူသည်နှင့် ပအုံးရည်နှင့် မြိတ်ငါးပိထောင်း ၃ ဇွန်းထည့်ပါ။

၃။       ပြီးလျှင် ပင်လယ်စာအားလုံးထည့်ပြီး ချက်ပါ။

၎။       ပြီးလျှင် ဆားထည့်ပြီး ချက်ပါ။

၅။       အရမ်းလွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ဟင်းလေးရပါပြီ။ (ပိုနေတဲ့ မြိတ်ငါးပိ ထောင်းကို သိမ်းထားပါ။)

www.facebook.com/Myint Oo Tha

Facebook Comments