မြိတ်ငါးငါးပိဖျော်

by Myint Oo Tha for Food Magazine

          လတ်ဆတ်တဲ့ ပင်လယ်စာတွေပေါတဲ့ ဒေသက ဟင်းဖြစ်လို့ ဒီငါးပိထောင်းမှာ လတ်ဆတ်တဲ့ ပုစွန်အစိမ်းကိုထည့်ပြီး ထောင်းတဲ့အတွက် သဘာဝအချိုအရသာကို ရရှိမှာဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တို့စရာလေးနဲ့ အင်မတန်မှ လိုက်ဖက်လှပါတယ်။

ပါဝင်ပစ္စည်းများ

  ပုစွန် အလတ်ကောင် (သို့) ပုစွန်အသေး  –  ၁၈ဝ ဂရမ်

  ငါးပိ  –  စားပွဲဇွန်း ၁ ဇွန်း

  ငရုတ်သီးစိမ်း  –  ၂ဝ တောင့်

  ရှောက်သီး  –  ၁ ခြမ်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပုစွန်ကို အခွံနွှာပြီး အသားကို နုပ်နုပ်စဉ်းထားပါ။

၂။       ပြီးလျှင် ပုစွန်ကို ရှောက်ရည်ညှစ်ပြီး နှပ်ထားပါ။

၃။       ငါးပိကို မီးကင်ထားပါ။

၎။       ငရုတ်သီးစိမ်းကို မီးကင်ထားပါ။

၅။       ပြီးလျှင် ငါးပိနှင့် ငရုတ်သီးစိမ်းကို ရောပြီး ထောင်းထားပါ။

၆။       ထောင်းထားသော ငါးပိထောင်းကို နှပ်ထားတဲ့ ပုစွန်နှင့်ရောမွှေပြီးလျှင် မြိတ်ငါးငါးပိဖျော် အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments