ကြာစွယ်ကြွပ်ကြော်

by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ကြာစွယ်  –  ၈၀ ဂရမ်

ပုစွန်ခြောက်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

နှမ်း  –  စားပွဲဇွန်း ၁ ဇွန်း

အကြော်မှုန့်  –  စားပွဲဇွန်း ၅ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ကြက်သွန်မြိတ်  –  အနည်းငယ်

ရေ  –  လိုသလောက်

ပြုလုပ်နည်း

၁။       ကြာစွယ်ကို အခွံနွှာ၊ အနေတော် မထူမပါးအကွင်းများ လှီးဖြတ်၍ ရေထဲမှာ ဆား အနည်းငယ်ထည့်ပြီး ၇ မိနစ်ခန့် ပြုတ်ပါ။

၂။       ပြီးလျှင် ရေစစ်ပြီး အအေးခံထားပါ။

၃။       မုန့်နှစ်ဖျော်ရန်အတွက် ဇလုံတစ်လုံးထဲ အကြော်မှုန့်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းနှင့် ပုစွန်ခြောက်မှုန့်တို့ကို ထည့်ပြီး ရေကို လိုအပ်သလိုထည့်ကာ မုန့်နှစ် အနေအထားရအောင် ဖျော်ပါ။

၎။       ပြီးလျှင် ကြာစွယ်များကို မုန့်နှစ်ကပ်ပြီး ဆီပူပူမှာ ကြွပ်အောင်ကြော်ပါ။

၅။       ပြီးလျှင် ဆီစစ်ပြီး ကြက်သွန်မြိတ်ဖြူးပြီး ပန်းကန်မှာပြင်ကာ ကြိုက်နှစ်သက်ရာ Sauce ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments