ကြာစွယ်ပျားရည်ပေါင်း (Honey Lotus Root Stuffed with Glutinous Rice)

by Sofia for Food Magazine

          ကြာစွယ်ကို ကောက်ညှင်းအဆာသွတ်လို့ ပျားရည်နဲ့ပေါင်းထားတဲ့ တရုတ်အချိုပွဲလေးဖြစ်ပါတယ်။ စားရတာ နူးအိပြီး မွှေးကြိုင်တဲ့ ကောက်ညှင်းအရသာရှိတဲ့ အချိုပွဲလေးမို့ အချိုနှစ်သက်သူများ အကြိုက်တွေ့စေမှာ အမှန်ပါ။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြာစွယ်  –  ၃ ချောင်း (၃ ဆစ်)

ကောက်ညှင်း  –  လက်တစ်ဆုပ်

သကြားညို  –  ၁၀ဝ ဂရမ်

ပျားရည်  –  ၅၀ ဂရမ်

သွားကြားထိုးတံ

ပြုလုပ်နည်း

၁။       ကြာစွယ်ကို အဆစ်မှ ဖြတ်၍ အခွံနွှာပြီး ရေဆေးသန့်စင်ထားပါ။ (အဆစ်နေရာ မပြတ်အောင် ဖြတ်ပါ။)

၂။       ကောက်ညှင်းကို ၂ နာရီခန့် ရေစိမ်ထားပါ။

၃။       အခွံနွှာပြီးသား ကြာစွယ်ရဲ့ တစ်ဖက်ထိပ်ကို ၁ လက်မခန့် လှီးဖြတ်ပါ။

၎။       ဖြတ်ထားသောဘက်မှ ရေစိမ်ပြီးသား ကောက်ညှင်းဆန်များကို ကြာစွယ်ရဲ့ အပေါက်တစ်ပေါက်စီ ထည့်ပေးပါ။

          (စိတ်ရှည်စွာ တူဖြင့် ထိုးထည့်ပြီး ခေါက်ခေါက်ပေးပါ။)

၅။       အပေါက်အားလုံး ဆန်စေ့များပြည့်ပါက ဖြတ်ထားတဲ့အပိုင်းကို အုပ်ပြီး သွားကြားထိုးတံဖြင့် ထိုးပြီး ပြန်ပိတ်ပါ။

၆။       အားလုံးထည့်ပြီးပါက အိုးထဲ ကြာစွယ်မြုပ်ရုံ ရေထည့်ပြီး မီးဖိုမှာ တည်ပါ။

၇။       ရေတစ်ဝက်ခန်းပါက ပျားရည်နှင့် သကြားညိုတို့ကို ထည့်ပါ။

၈။       ရေခန်းစပြုပြီး သကြားရည်ပျစ်လာပါက ကြာစွယ်နူးမနူးကို အချွန်တစ်ခုဖြင့် ထိုးကြည့်ပါ။

၉။       ကြာစွယ်နူးအိပါက မီးပိတ်ပြီး အအေးခံကာ လိုသလိုလှီးဖြတ်၍ ကျန်ရှိသော အချိုဆော့စ်ဆမ်းပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments