ကြက်ကြွပ်အစပ်ဟင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၄၀ဝ ဂရမ်

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ကြက်သားမှုန့်  –  စားပွဲဇွန်း ၁/၃ ဇွန်း

ငံပြာရည်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဟင်းအနှစ်ချက်ရန်

ကြက်သွန်နီ  –  ၃ လုံး

ကြက်သွန်ဖြူ – ၅ မြွှာ

ချင်း  –  အနည်းငယ်

ခရမ်းချဉ်သီး  –  ၁ လုံး

နံနံပင်  –  အနည်းငယ်

ငရုတ်သီး (အနှစ်)  –  စားပွဲဇွန်း ၁/၃ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

ပြုလုပ်ပုံနည်း

၁။       ကြက်သားကို အနေတော်အတုံးများတုံးပြီး အရသာနယ်ကာ ဆီပူပူမှာ ကြွပ်ပြီး ကျက်သည်အထိ ကြော်ပါ။

၂။       ပြီးလျှင် ဆီစစ်ထားပါ။

၃။       အနှစ်ချက်ရန်အတွက် ကြက်သွန်ဖြူ/နီ၊ ချင်းကို ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်နှစ်ထည့်ပါ။ အရသာများနှင့် ရေထည့်ပေးပါ။ ပြီးလျှင် ကြော်ထားတဲ့ ကြက်သားထည့်ပြီး ၅ မိနစ်ခန့် နှပ်ထားပါ။

၎။       ပြီးလျှင် ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို အကွင်းလိုက်လှီးပြီး ထည့်ပါ။ အားလုံး စုံပြီ၊ အရသာလည်း ပြည့်စုံပြီဆိုလျှင် နုပ်နုပ်စဉ်းထားတဲ့ နံနံပင်ကို ဖြူးထည့်ကာ ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments