ကြက်ခြောက်စပ်

by Sofia for Food Magazine

          ပါဝင်ပစ္စည်းအနည်းငယ်နဲ့ ပြုလုပ်ရလွယ်ကူပြီး ထမင်းမြိန်စေမယ့် ကြက်ခြောက်စပ်ကြော်လေးပဲ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဟင်းတစ်ခွက်မဟုတ်ပေမယ့် စားသောက်ဆိုင် အတော်များများမှာ လူကြိုက်များတဲ့ ဟင်းတစ်မည်အဖြစ် တင်ရောင်းတဲ့ ကြက်ခြောက်စပ်လေးကို အိမ်မှာ ကြော်စားရအောင် ဆိုဖီယာက နည်းလေးမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၁၅၀ ဂရမ်

ဂျုံ  –  စားပွဲဇွန်း ၂ ဇွန်း

ပြောင်းဖူးမှုန့်  –  ၁ ဇွန်း

ဆား  –  အနည်းငယ်

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၁၀ မြွှာ

ငရုတ်သီး  –  ၁၀ တောင့်

ငါးငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

သကြား  –  အနည်းငယ်

ကြက်သွန်နီ  –  ၂ လုံး

ပြင်ဆင်ချက်ပြုတ်နည်း

၁။       ကြက်သားကို အတုံးသေးသေးတုံးပြီး ဆား၊ ဂျုံ၊ ပြောင်းမှုန့်ထည့်ကာ နယ်ထားပါ။

၂။       ကြက်သွန်ကို ပါးပါးစိတ်ထားပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ဓားပြားရိုက်ပြီး ခပ်ကြမ်းကြမ်း စိတ်ထားပါ။

၃။       အားလုံးအဆင်သင့်ဖြစ်ပါက အိုးတစ်အိုးထဲ ဆီထည့်ပြီး ကြက်သားကို ကြွပ်အောင် ကြော်ပါ။ အပြင်သား အရောင်ရပြီး ကြွပ်လာပါက ဆယ်ယူပြီး ဆီစစ်ထားပါ။

၎။       လက်ကျန်ဆီအိုးထဲ ကြက်သွန်ပါးပါးစိတ်ထားသည်ကို နီရောင်သန်းသည်အထိ ကြော်ကာ ဆယ်ယူပြီး ဆီစစ်ထားပါ။

၅။       အိုးထဲမှ ဆီများကို ဖယ်ထုတ်၍ ထမင်းစားဇွန်း ၂ ဇွန်းစာခန့် ချန်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီး စိမ်းတို့ကို ထည့်ကြော်ပါ။

၆။       မွှေးလာပါက ကြက်သား၊ ကြက်သွန်ဆီစစ်ထားသည်တို့ကို ထည့်ပါ။ မီးလျှော့ထားပြီး ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်ထည့်၍ သမအောင်မွှေပေးပြီး အရသာအပေါ့အငန် မြည်းကာ ပန်းကန်မှာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

*        ကြက်သားအစား မိမိနှစ်သက်ရာ အသားကို အစားထိုး ပြုလုပ်နိုင်ပါတယ်။

Facebook Comments