
22 - July - 2019
ကြက်မောက်သီးနှင့် သံပရာ ပူဒီနာဆိုဒါ (Rambutan and Lime Mint Soda)
by Syi Lwin for Food Magazine
အချိန်အများကြီးမပေးရဘဲ အမည်မများတဲ့ အအေးပါ။ ဖျော်သောက်ကြည့်လို့ရအောင် ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ (၁ ခွက်စာ)
ကြက်မောက်သီး – ၈ လုံး (အစေ့ထုတ်ပြီးသား အသင့်စားဘူး)
Soda – ၁ ဘူး
သံပရာသီး – ၁ ခြမ်း (လိုသလောက် အရည်ညှစ်ယူပါ)
သံပရာသီး – ၁ ခြမ်း (အကွင်းပါးပါး လှီးထားပါ)
ပူဒီနာ – ၁ ပင် (အရွက်များြွေခထားပါ)
ကြက်မောက်သီးအချိုရည် – စားပွဲဇွန်း ၂ ဇွန်း
ရေခဲတုံး – လိုသလောက်
ပြုလုပ်နည်း
၁။ ဖျော်ရန်မှာ သံပရာရည်၊ Soda, ကြက်မောက်သီး၊ ကြက်မောက်သီး အချိုရည် များကို ဖန်ပုလင်းထဲထည့်ပြီး ခလောက်ပေးပါ။ သုံးဆောင်ရန်မှာ ဖန်ခွက်ထဲ ရေခဲ၊ ပူဒီနာနှင့် ဖျော်ထားသောအရည်များ လောင်းထည့်၍ ခပ်ဖွဖွမွှေပြီး ချက်ချင်း လတ်လတ်ဆတ်ဆတ်သောက်လျှင် ပိုကောင်း ပါတယ်။
Facebook Comments