ကြက်ဥပေါင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၃ လုံး

ဆား  – အနည်းငယ်

ရေ  –  ၂၅၀ မီလီလီတာ

ပဲငံပြာရည် အကြည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်  –  အနည်းငယ်

တရုတ်နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်ဥကို ဆား၊ ရေတို့ဖြင့် ခေါက်ကာ ပန်းကန်ထဲမှာထည့်ပြီး မိနစ် ၂၀ ခန့် ပေါင်းထားပါ။

၂။       ပြီးလျှင် ပဲငံပြာရည် အကြည်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

*        Breakfast အတွက် အထူးသင့်လျော်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

Facebook Comments