ကြက်ဥအဆာသွတ်ကြွပ်ကြော်

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၈ လုံးခန့်

ကြက်ဥအဆာသွတ်ကြွပ်ကြော်  –  ၂ ချပ်

ဂျုံ  –  စားပွဲဇွန်း ၃ ဇွန်း

Breadcrumb  –  စားပွဲဇွန်း ၇ ဇွန်း

ကြက်သား  –  ၂၀ဝ ဂရမ် (ကြိတ်ပြီး)

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်ဥ ၆ လုံးခန့်ကို ကျက်အောင် ပြုတ်ပါ။ ပြီးလျှင် အအေးခံပြီး အခွံနွှာထားပါ။

၂။       ပြီးလျှင် ကြက်ဥကို တစ်ခြမ်းခွဲပြီး အတွင်းမှအနှစ်များကို ထုတ်ထားပါ။

၃။       ကြက်ဥအနှစ်ကို ကြိတ်ထားတဲ့ကြက်သား၊ Cheese, ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပြီး ကြက်ဥထဲမှာ အဆာသွတ်ပေးပါ။

၎။       ပြီးလျှင် အဆာသွတ်ထားတဲ့ ကြက်ဥခြမ်းများကို ဂျုံ၊ ခေါက်ထားတဲ့ ကြက်ဥ၊ Breadcrumb တို့ဖြင့် ကပ်ပြီး ဆီပူပူမှာ ကြော်ပါ။

၅။       အရောင်လှလာပြီဆိုလျှင် ဆီစစ်ပြီး ကြိုက်နှစ်သက်ရာ Sauce ဖြင့် တွဲစားနိုင်ပါပြီ။

Facebook Comments