ကြက်အမြစ်မဆလာကြော်

by Meemeetofu for Food Magazine

          ဒီဟင်းပွဲလေးက လွယ်ကူပြီး တစ်မျိုးတည်းနဲ့ ထမင်းဖြူနဲ့ စားလို့ကောင်းတယ်။ှ့ မှာတော့ ကြက်နှလုံးနဲ့အမြစ်ကို သီးသန့်ရောင်းပြီး အလွန်ဈေးသက်သာတယ်။ များများဝယ်၊ လှီးချွတ်ပြီးပြုတ်။ တစ်ခါချက်စာ ဘူးလေးတွေနဲ့ ခွဲပြီးသိမ်းထားပါတယ်။ အသီးအရွက်တွေနဲ့ တွဲပြီးကြော်တဲ့အခါ အသင့်ပြုတ်ထားတာလေးနဲ့ ထည့်ကြော်လိုက်တာပဲ။ အခုလို ဟင်းအခြောက်လေး ချက်ရာမှာလည်း အသင့်ပြုတ်ပြီး သားကိုသုံးရင် လျှပ်တစ်ပြက် ဟင်းပွဲလေးတစ်ပွဲ ထွက်လာတာပေါ့နော်။

ပါဝင်ပစ္စည်းများ

ကြက်အမြစ်  –  ၁၅ ကျပ်သား (၂၄၀ ဂရမ်)

ကြက်သွန်နီ  –  ၁ လုံး (အလုံးကြီး)

ကြက်သွန်ဖြူ  –  ၃ မြွှာ

ချင်း  –  ၂ ပြား (ပါးပါးလှီး)

ငရုတ်သီးစိမ်း  –  ၃ တောင့်

နနွင်း  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ပဲငံပြာရည်အကျဲ  –  အနည်းငယ်

ပဲငံပြာရည်အပျစ်            –  အနည်းငယ်

ငါးငံပြာရည်  –  အနည်းငယ်

မဆလာ   –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပျဉ်းတော်သိမ်ရွက်

ခရုဆီ  –  အနည်းငယ်

ကြော်နည်း

၁။       ကြက်အမြစ်ကို ဆားနဲ့ပွတ်၍ ရေဆေးပြီး ပြုတ်ပါ။ ပထမပြုတ်ရည်ကို သွန်ပြီး ရေဆေးပါ။ ရေပြန်ထည့်ပြီး ဆား၊ ပဲငံပြာရည်အပျစ်၊ ချင်းတို့နှင့် ပြန်ပြီးပြုတ်ပါ။

၂။       ကျက်ပြီဆိုလျှင် ဆယ်ယူပြီး ရေစစ်ထားပါ။ အေးသွားတဲ့အခါ  အလျားလိုက်မထူမပါး အနေတော်အရွယ် လှီးထားပါ။

၃။       ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ထူထူလှီးထားပါ။

၎။       ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းတို့ကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ။

၅။       ကြော်မည့်အိုးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ၊ ပျဉ်းတော်သိမ်ရွက်တို့ကို နနွင်းအနည်းငယ်နဲ့အတူ ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သွန်နီ၊ ကြက်အမြစ် ထည့်ပါ။ ငါးငံပြာရည်၊ မဆလာ၊ ခရုဆီနှင့် ပဲငံပြာရည်တို့ကိုထည့်ပြီး မွှေပေးပါ။ ကြက်သွန်နွမ်းလျှင် ပန်းကန်ထဲ ဆယ်ထည့်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ။

Facebook Comments