ကြက်အူချောင်း၊ ပဲပြားနှင့် ငရုတ်ကောင်းနက် ဆော့စ် ခေါက်ဆွဲကြော် (Chicken Sausage and Bean Curd with Black Pepper Sacuse Stir Fried Noodle)

by Syi Lwin (Foods Garden) for Food Magazine

          အခြား မည်သည့်အရသာတွေ၊ ဆော့စ်တွေ ထပ်ထည့်စရာမလိုဘဲ Black Pepper Sauce  နဲ့ကြော်တဲ့အရသာက ပြီးပြည့်စုံတဲ့အရသာကို ကောင်းမွန်ရရှိစေပါတယ်။ ကြော်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

ကြက်အူချောင်း  –  ၃ ချောင်း (ခပ်ပါးပါး လှီးထားပါ)

ကြက်ဥခေါက်ဆွဲ   –  ၂ ထုံး (ပြုတ်ထားပါ)

ပဲပြား  –  ၁ တုံး (အံစာတုံးအရွယ်လေးတွေ လှီးထားပါ)

နေကြာဆီ   –  လိုသလောက်

Black Pepper Sauce  –  စားပွဲဇွန်း ၄-၅ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ပွနီ  –  ၁ ခု (ပါးပါး အရှည်တွေ လှီးထားပါ)

ငရုတ်ပွဝါ   –  ၁ ခု (ပါးပါး အရှည်တွေ လှီးထားပါ)

ကြက်သွန်မြိတ်  –  ၂ ပင် (ခပ်ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

၁။          မကပ်သောအိုးထဲ မီးအနေတော်ဖြင့် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် ပဲပြားတုံးများထည့်ပြီး ကြော်ပါ။ ကြွပ်လာလျှင် ဆီအိုးထဲမှ ဆယ်ယူထားပါ။

၂။         ဆီအိုးထဲမှ ဆီများ အနည်းငယ် ခပ်ထုတ်ပြီး ကြက်ဥချောင်း ကြော်ပါ။ ကြက်ဥချောင်း ကြက်လျှင် ကြက်သွန်မြိတ်က လွဲ၍ တခြားပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သေချာနှံ့အောင်မွှေပါ။ အသီးအရွက်နူးလျှင် ဆားမြည်းပါ။ Black pepper Sauce လိုလျှင် ထပ်ထည့်ပြီး မီးဖိုပေါ်ကမချခင် ကြက်သွန်မြိတ်အုပ်ပါ။

Facebook Comments