ကြက်အူချောင်းခေါက်ဆွဲပတ်ကြော်

by အံ့ဝင့်ထွဋ် for Food Magazine

          ကြက်အူချောင်းခေါက်ဆွဲပတ်ကြော်လေးကတော့ နွေရာသီကျောင်းပိတ်ရက်လေးမှာ ကလေးတွေကို အလွယ်တကူလုပ်ကျွေးနိုင်မယ့် အစားအစာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်အူချောင်း (အတို)  –  ၁၀ ချောင်းခန့်

ဂျုံခေါက်ဆွဲ (အစိမ်း)  –  ၅ ဂရမ်

ကြက်သားမှုန့်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ဆီ  –  ကြော်ရန်

ပြုလုပ်နည်း

၁။       ခေါက်ဆွဲကို ရေနွေးဆူဆူထဲမှာ ဆားဖြင့် ၃ မိနစ်ခန့် ပြုတ်ပါ။

၂။       ပြီးလျှင် ရေစစ်၍ ရေအေးဖြင့် ဆေးပြီး ရေစင်အောင် စစ်ထားပါ။

၃။       ကြက်အူချောင်းရဲ့ ထိပ် ၂ ဖက်ကို အပေါင်းပုံစံ ဓားဖြင့် ခွဲထားပါ။

၎။       ကြက်အူချောင်းကို ခေါက်ဆွဲဖြင့် ပတ်ပေးပါ။

၅။       ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ကော်မှုန့်တို့ကို ကပ်ပြီး ဆီပူပူမှာ ကြွပ်လာသည်အထိ ကြော်ပါ။

၆။       ကြက်အူချောင်းနှင့် ခေါက်ဆွဲကြွပ်လာပြီဆိုလျှင် ဆီစစ်ပြီး ကြိုက်နှစ်သက်ရာ Sauce နှင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments