ကြက်သားနှင့် ခွေးတောက်ရွက်ဟင်းလျာ

by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၃၅၀ ဂရမ်

ခွေးတောက်ရွက်  –  ၃၀ ဂရမ်

ငရုတ်သီး (နီ/စိမ်း)  –  ၆ တောင့်ခန့်

ကြက်သွန်ဖြူ  –  ၆ မြွှာ

ကြက်သွန်နီ  –  ၂ လုံး

ငရုတ်အနှစ်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း/လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း / စားပွဲဇွန်း ၁/၂ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

နနွင်း  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်သားကို အနေတော်အတုံးများတုံးပြီး နနွင်းမှုန့်၊ ကြက်သားမှုန့်၊ ငံပြာရည်တို့နှင့် နယ်ပြီး နှပ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်အနှစ်ထည့်ပါ။

၃။       အရသာများထည့်ပြီး ရေကို လိုအပ်သလို ထည့်၍ အနှစ်ရအောင် ချက်ပါ။

၎။       အနှစ်ရပြီဆိုလျှင် အရသာနယ်ထားတဲ့ ကြက်သားထည့်ပြီး နူးသည်အထိ ရေကို လိုအပ်သလို ထည့်၍ ချက်ပါ။

၅။       ကြက်သားနူးပြီဆိုလျှင် ငရုတ်သီးနှင့် ခွေးတောက်ရွက်တို့ကို ပါးပါးလှီးပြီး ထည့်ပါ။

၆။       အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments