ကြက်သားနှင့် ကျောက်ဖရုံသီးဟင်းချို

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၄၀ဝ ဂရမ်

ကျောက်ဖရုံသီး  –  ၃၀ဝ ဂရမ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ချင်း  –  အနည်းငယ်

ပဲငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တရုတ်နံနံပင်  –  အနည်းငယ်

ရေ  –  ၁ လီတာ

ပြုလုပ်နည်း

၁။       ကြက်သားကို သန့်စင်အောင် ရေဆေးပြီး အနေတော်အတုံးများဖြစ်အောင် ခုတ်ထားပါ။

၂။       ဒယ်အိုးထဲ ကြက်သား၊ ကြက်သွန်ဖြူ၊ ချင်း (ပါးပါးလှီး)၊ တုံးထားတဲ့ ကျောက်ဖရုံသီး၊ အရသာများ၊ ရေနှင့် တရုတ်နံနံတို့ကို ထည့်ပြီး မီးအေးအေးဖြင့် ပြုတ်ထားပါ။

၃။       ကြက်သားလည်းနူးပြီ၊ အရသာမှာလည်း ချိုဆိမ့်အရသာ ရပြီဆိုလျှင် ပန်းကန်မှာ ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments