ကြက်သားနှင့် ငါးပိမြေအိုးဟင်းလျာ

 by အံ့ဝင့်ထွဋ် for Food Magazine

          ကြက်သားကို ထူးထူးခြားခြားလေးဖြစ်အောင် မြေအိုးဟင်းလျာပုံစံလေး ချက်ပြထားပါတယ်။ မျှင်ငါးပိ လေးပါ ထည့်ချက်ထားတော့ အနံ့အရသာအားလုံးက ပြောစရာမလိုအောင် ကွက်တိပေါ့ဗျာ။

ပါဝင်ပစ္စည်းများ

ကြက်သား (ရင်ပုံ)  –  ၁၅၀ ဂရမ်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၆ မြွှာ

ငရုတ်သီး (နီ/စိမ်း)  –  ၆ တောင့်ခန့်

ရှောက်ရွက်  –  ၄ ရွက်ခန့်

ခရမ်းချဉ်သီး  –  ၁ လုံး

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

မျှင်ငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့်  –  အနည်းငယ်

သကြား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကော်မှုန့်  –  စားပွဲဇွန်း ၅ ဇွန်း

သံပရာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်ရင်ပုံသားကို အနေတော်အတုံးများ လှီးဖြတ် ပြီး ကော်မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နှင့် နယ်ပြီး ဆီပူပူမှာ ကျက်အောင် ကြော်ပါ။

၂။       ကြက်သားရပြီဆိုလျှင် ဆီစစ်ထားပါ။

၃။       ကြက်သွန်ဖြူ (ဓားပြားရိုက်)၊ ကြက်သွန်နီ (၄ စိတ် စိတ်)နှင့် ငရုတ်သီး (တစ်ခြမ်းခြမ်း) တို့ကို ဆီသတ်ပါ။

၎။       အနံ့မွှေးလာပြီဆိုလျှင် ငါးပိထည့်ပြီး ဆီသတ်ပါ။

၅။       ကြော်ထားတဲ့ ကြက်သားများထည့်ပါ။ အရသာ များအဖြစ် ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်း မှုန့်နှင့် သံပရာရည်တို့ကို ထည့်ပါ။

၆။       ခရမ်းချဉ်သီး (၄ စိတ်စိတ်) များ ထည့်ပါ။ ရေကို လိုအပ် သလို အနည်းငယ် ထည့်ပါ။

၇။       အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ပါးပါးလှီးထားသော ရှောက်ရွက်များ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu