
26 - July - 2018
by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine
ပါဝင်ပစ္စည်းများ
ကြက်သား – ၄၀ဝ ဂရမ်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်သီးခွဲကြမ်းမှုန့် – စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်ဖြူ – ၅ မြွှာ
ချင်း – အနည်းငယ်
နံနံပင် – အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကြက်သားကို ရေဆေးသန့်စင်ပြီး အနေတော်အတုံးများတုံးပါ။ ပြီးလျှင် အရသာများ ထည့်ကာ နယ်ပြီး နှပ်ထားပေးပါ။
၂။ ရပြီဆိုလျှင် ဆီထဲမှာြွကပ်ပြီး ကျက်သည်အထိ ကြော်ပေးပါ။ ရပြီဆိုလျှင် ဆီစစ်ပြီး ဆယ်ယူကာ ပန်းကန်မှာ ထည့်ထားပါ။
၃။ ကြက်သွန်နီ (ပါးပါးလှီး)၊ ကြက်သွန်ဖြူ (ဓားပြားရိုက်)၊ ချင်း (ပါးပါးလှီး) တို့ကို ဆီ စားပွဲဇွန်း ၂ ဇွန်း ၊ နနွင်းမှုန့်အနည်းငယ်ဖြင့် ကြော်ပါ။
၎။ အနည်းငယ်ြွကပ်လာပြီဆိုလျှင် ငရုတ်သီးခွဲကြမ်းမှုန့်ထည့်ပေးပါ။
၅။ အနံ့မွှေးပြီး အရောင်လှလာပြီဆိုလျှင် နံနံပင်ထည့်ပေးပါ။
၆။ ပြီးလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။