ကြက်သားတောက်တောက်ကြော်

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၂၅၀ ဂရမ် (ကြိတ်ပြီး)

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ချင်း  –  အနည်းငယ်

မုန်လာဥနီ  –  အနည်းငယ်

ပြောင်းဖူးသေး  –  ၃ ဥ

ရွှေပဲသီး  –  ၅ ဥ

တရုတ်နံနံပင်  –  အနည်းငယ်

ခရုဆီ  –  စားပွဲဇွန်း ၁/၂ ဇွန်း

ပဲငံပြာရည် အနောက်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်ဥ  –  ၁ လုံး

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြိတ်ပြီးသား ကြက်သားအသားများကို ကြက်ဥ၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကော်မှုန့် စားပွဲဇွန်း ၁  ၁/၂ ဇွန်းတို့ဖြင့် နယ်ပြီး အနေတော် အပြားများပြားကာ ဆီပူပူမှာ ကြွပ်အောင်ကြော်ပါ။ ပြီးလျှင် ဆီစစ်ပြီး အနေတော်အတုံးများ တုံးထားပါ။

၂။       ဒယ်အိုးထဲ ဆီ စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး ကြက်သွန်ဖြူ (ဓားပြားရိုက်)၊ ချင်း (ပါးပါးလှီး)၊ ကြက်သွန်နီ (၄ စိတ်ခွဲ) တို့ကိုထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် အသီးအနှံများထည့်ပါ။

၃။       အရသာများထည့်ပြီး ရေထည့်ပါ။ အရသာအနေတော်ဖြစ်ပြီဆိုလျှင် ကြော်ထားသော ကြက်သားပြားများကို ထည့်ပါ။ ခဏနှပ်ထားပါ။ ပြီးလျှင် ကော်မှုန့်ကို ရေဖျော်ပြီး ထည့်ပါ။

၎။       တရုတ်နံနံထည့်ပါ။ အနံ့၊ အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments