ကြက်သားကျောက်ဖရုံသီးဟင်း

by My Foodies for Food Magazine

          ဒီဟင်းချက်နည်းက ဆေးဖက်ဝင်ဟင်းချက်နည်းတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားများ ဆီးရောဂါအတွက် ဆေးဖက်ဝင်တယ်လို့ သိရပါတယ်။ အမျိုးသား၊ အမျိုး သမီးများအားလုံး မကြာခဏ ချက်စားသင့်တဲ့ ဟင်းအမည်ဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၃၀ ကျပ်သား

ဆီ  –  အနည်းငယ်

ဆား  –  အနည်းငယ်

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  ထမင်းစားဇွန်း ၁ ဇွန်း

ထုထားသော ကြက်သွန်ဖြူ  –  ၅ မြွှာ

တရုတ်နံနံပင်  –  ၅ ပင်

အနေတော်တုံးပြီး ကျောက်ဖရုံသီး  –  ၁ စိတ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်သားတုံးများကို ဆီ၊ ဆား၊ နနွင်းတို့နှင့် နယ်ပြီး အဖုံးအုပ်၊ လုံးတည်ထားပါ။

၂။       အသားမှထွက်လာသောအရည်ခန်းလျှင် ပဲငံပြာရည်ထည့်ပြီး ကြက်သွန်ဖြူများ ထည့်မွှေပေးပါ။

၃။       တရုတ်နံနံအရိုးများ ထည့်ပါ။ ရေနွေးဆူဆူမှာ အသားတုံးများ မြုပ်အောင်ထည့်ပေးပြီး ဆူလာ သည်အထိ အဖုံးအုပ်တည်ပေးပါ။

၎။       အရည်ဆူလာလျှင် ကျောက်ဖရုံသီးတုံးများ ထည့်ပြီး ၅ မိနစ်ခန့် ဆက်တည်ထားပြီးမှ မီးပိတ်ထားပေးပါ။ အပူရှိန်နှင့် ကျောက်ဖရုံသီးများ နူးအိသွားပါလိမ့်မယ်။ စားခါနီးမှ တရုတ်နံနံအရွက်များ ခတ်ပြီး သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments