ကြက်သားအုန်းနို့ဟင်း (Tom Kha Gai)

by Sofia for Food Magazine

          ထိုင်းအစားအစာများထဲက ချက်ရလွယ်ကူပြီး နာမည်ကြီး လူကြိုက်များတဲ့ ဟင်းလေး ဖြစ်ပါတယ်။ အရသာထူးခြားပြီး ထမင်း မြိန်စေမယ့် ဟင်းလေးမို့ ချက်စားကြည့်ရအောင်နော်…။

ပါဝင်ပစ္စည်းများ

အုန်းနို့  –  ၁ ခွက် (၂၅၀ မီလီလီတာ)

ကြက်ပြုတ်ရည်  –  ၂ ခွက်

စပါးလင်  –  ၁ ချောင်း

ပတဲကော  –  ၅ ပြား

ရှောက်ခါးရွက်  –  ၃ ရွက်

ကြက်သား  –  ၂၀ဝ ဂရမ်

ကောက်ရိုးမှို  –  လက်တစ်ဆုပ်

ခရမ်းချဉ်သီး  –  ၁ ခြမ်း

ကြက်သွန်နီ (ဥအသေး)  –  ၁ လုံး

ငရုတ်သီး  –  ၂ တောင့်

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

သကြား  –  ၁ ဇွန်း

သံပရာသီး  –  တစ်ခြမ်း

နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဦးစွာ အိုးတစ်အိုးထဲ ကြက်ပြုတ်ရည် (သို့) ရိုးရိုးရေကို တည်ပါ။

၂။       ကြက်သွန်နီအမြှောင်းလေးများ စိတ်ထားပါ။ စပါးလင်အရင်းပိုင်းကို ခပ်စောင်းစောင်း လှီးထားပါ။ ပတဲကောကို ပါးပါးလှီးထားပါ။ ကြက်သားကို အနေတော်အရွယ် လှီးဖြတ်ထားပါ။

၃။       တည်ထားသော ကြက်ပြုတ်ရည်ဆူပွက်ပါက စပါးလင်နှင့် ပတဲကောထည့်ပါ။ ကြက်သားလှီးထားသည်ကို ထည့်ပါ။

၎။       ဆူပွက်ပါက အုန်းနို့ထည့်ပါ။ ကြက်သွန်နီ၊ မှိုထည့်ပါ။

၅။       မီးကိုလျှော့ထားပြီး အသာလေးမွှေပေးပါ။ ခရမ်းချဉ်သီးနှင့် ရှောက်ရွက်တို့ကို ထည့်ပါ။ အရသာ၊ သကြားနှင့် ငံပြာရည် ဖြည့်စွက်ပါ။

၆။       ပြန်လည်ဆူပွက်ပါက မီးပိတ်ပြီး သံပရာရည်ထည့်ကာ အရသာ အပေါ့အငန်မြည်းပါ။ နောက်ဆုံးမှာ ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments