ကြက်သားမှိုဟင်းချို (Chicken Mushroom Soup)

by Sofia for Food Magazine

          ယိုးဒယားဟင်းထဲက အနံ့အရသာနဲ့ပြည့်စုံတဲ့ ကြက်သားမှိုဟင်းချိုလေး ဖြစ်ပါတယ်။ ထမင်းနဲ့တွဲဖက်တည်ခင်းနိုင်သလို သီးသန့်လည်း အဆာပြေအဖြစ် သုံးဆောင်နိုင်ပါတယ်။ ချက်ကြည့်ရအောင်နော်…။

ပါဝင်ပစ္စည်းများ

ကြာဆံ

ကြက်သားပြုတ်/ အစိမ်း  –  ၁၀ဝ ဂရမ် (လက်တစ်ဆုပ်)

ကြက်သွန်နီ  –  ၁ လုံး

ရှီတာခီမှို  –  ၃ ပွင့်

ကြက်သွန်မြိတ်  –  ၂ ပင်

ယိုးဒယားငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ခရုဆီ  –  ၁ ဇွန်း

ဟင်းခတ်မှုန့် /သကြား  –  ၁ ဇွန်း

ကြက်ပြုတ်ရည်  –  ပန်းကန်လုံး ၁ လုံး

နှမ်းဆီမွှေး  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဦးစွာ ကြာဆံကို ရေစိမ်ထားပါ။ ရှီတာခီမှို အစိုမရှိပါက အခြောက်ကို ရေစိမ်ထားပါ။ ပွလာပါက ခပ်စောင်းစောင်း ပါးပါးလှီးထားပါ။ ကြက်သားကို ပါးပါးလှီးထားပါ။ ကြက်သွန်ကို အမြှောင်းကြီးလှီးပြီးြွေခထားပါ။ ကြက်သွန်မြိတ် လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။

၂။       အားလုံးအသင့်ဖြစ်ပါက အိုးတစ်အိုးထဲ ကြက်ပြုတ်ရည်ထည့်ပါ။ ကြာဆံ၊ ကြက်သား၊ မှိုတို့ကိုထည့်ပြီး ဆူပွက်အောင် တည်ပါ။

၃။       အရသာ၊ ငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်နှင့် သကြားတို့ကို ထည့်ပါ။

၎။       ကြာဆံမှိုနူးအိပါက အရသာအပေါ့အငန်မြည်းပြီး ငရုတ်ကောင်း၊ ခရုဆီနှင့် ကြက်သွန်မြိတ်တို့ကိုထည့်၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments