ကြက်စွယ်စုံဟင်း (Whole Chicken Mix Curry)

by Syi Lwin (Foodsgarden) for Food magazine

          နာမည်အဆန်းလေးပေးထားတာက နေ့တိုင်းနီးပါး ကြက်သားဟင်းစားရတာ ငြီးငွေ့လာတဲ့ မိသားစုတွေအတွက် ဆွဲဆောင်မှုရှိပြီး မိသားစုထမင်းဝိုင်းမှာ ကြက်စွယ်စုံဟင်းချက်ဆိုတာ ဘာပါလိမ့်ဆိုတဲ့အတွေးနဲ့ စားဖြစ်ပြီး ထမင်းမြိန်စေသော ဟင်းတစ်ခွက်ဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၃၀ ကျပ်သား

ကြက်အသည်း/အမြစ်/အူ  –  ၂၅ ကျပ်သား (ကြက်ကလီစာစုံလင်စွာ)

နနွင်းမှုန့်  –  လက်ဖက်ဇွန်း တစ်ဝက်

နေကြာဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ကြက်သွန်ဖြူ  –  ၇ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်နီ  –  ၃ လုံး (နုပ်နုပ်စဉ်းထားပါ)

ချင်း  –  လက် တစ်ဆစ်အရွယ် (နုပ်နုပ်စဉ်းထားပါ)

စပါးလင်  –  ၁ ချောင်း အဖြူပိုင်း (နုပ်နုပ်စဉ်းထားပါ)

ဟင်းချက်မှုန့်အစုံ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဆား  –  အနည်းငယ်

ပျဉ်းတော်သိမ်  –  ၅ ရွက်

ငရုတ်ကောင်း၊ ဇီရာ  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်း  –  ၂ တောင့် (အကွင်းလိုက် ပါးပါးလှီးထားပါ၊ အလှဆင်ရန်)

ပင်စိမ်း  –  ၁ ပင် (ဟင်းအလှဆင်ရန်)

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ကြက်သား၊ ကြက်အသည်း၊ အမြစ်တို့ကို အနေတော်အတုံး တုံးထားပါ။ ပြီးလျှင် ဖန်ဇလုံထဲ ကြက်သားမှုန့်၊ နနွင်းမှုန့်၊ စပါးလင်တို့ဖြင့် နယ်နှပ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီ၊ ချင်းတို့ကို အနှစ်ရအောင် ဆီသတ်ထားပါ။ ပြီးလျှင် အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ ဇီရာ၊ ပျဉ်း တော်သိမ်တို့ကိုထည့်၍ဆီသတ်ပါ။

၃။       ကြက်သားအစုံတို့ကို ထည့်၍ မွှေပေးပါ။ အနှစ်ဖြင့် သေချာသမအောင်၊ နှံ့အောင် မွှေပေးပါ။ ပြီးလျှင် ရေကို နည်းနည်း ချင်းထည့်ပြီး ၅ မိနစ်ခန့် မွှေပေးပြီး တည်ပါ။ ပြီးလျှင် အသားတုံးများ ရေမြုပ်သည်အထိ တည်ပါ။ အသားနူးသည်အထိ တည်ပေးပါ။ မကြာခဏ မွှေပေးပါ။ ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး သေချာနှံ့အောင် မွှေပေးပါ။ ရေခန်းပြီး ဆီပြန်အောင် တည်ပါ။ အသားနူးလျှင် ဆားမြည်းပြီး လိုတာ ထပ်ထည့်ပါ။ ပူပူနွေးနွေး ထမင်းဖြူဖြင့် အရသာရှိတဲ့ဟင်းကို သုံးဆောင်နိုင်ပါပြီ။

www.facebook.com/Syi Foodsgarden

Facebook Comments