ကြက်ကင်မွှေး

 by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်ပေါင် (အပြည့်)  –  ၂ ချောင်း

ကြက်သွန်ဖြူ  –  ၆ မြွှာ

ချင်း  –  ၅၀ ဂရမ်

နံနံပင်  –  ၅၀ ဂရမ်

ခရုဆီ  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သားကို ဆေးကြောသန့်စင်ပြီး ရေစင်အောင် စစ်ထားပါ။

၂။       ကြက်သွန်ဖြူ၊ ချင်းနှင့် နံနံပင်တို့ကို ကြိတ်ပါ။

၃။       ဇလုံတစ်လုံးထဲ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ နံနံပင်နှင့် ချင်းတို့ကို ထည့်ပြီး ခရုဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ကို ထည့်၍ အနှစ်လုပ်ပါ။

၎။       ပြီးလျှင် ကြက်သားထည့်၍ နယ်ပြီး ၁ နာရီခန့် အရသာနှပ်ထားပါ။

၅။       အရသာနှပ်ပြီးသွားပြီဆိုလျှင် အပူချိန် 180˚C မှာ အပူပေးထားတဲ့ Oven ထဲမှာ ၁ နာရီခန့် ထည့်ပြီး ကင်ပါ။

၆။       ကြက်သားကျက်ပြီ၊ အနံ့အရသာလည်း ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments