ဝက်ကြိတ်သားနှင့် နို့စိမ်းပါစတာ (Ground Pork and Evaporated Milk Pasta)

by Syi Lwin Foods Garden for Food Magazine

          နို့စိမ်းပါစတာအရသာက စားနေကျ ပါစတာလိုမျိုးမဟုတ်ဘဲ ခပ်ဆိမ့်ဆိမ့် အရသာကြိုက်သောသူများအတွက် အဆင်ပြေစေတဲ့ ပါစတာပါ။ လုပ်စားကြည့်လို့ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကာနိုလာဆီ  –  စားပွဲဇွန်း ၄  ၁/၂ ဇွန်း

ကြက်သွန်နီ  –  ၂ လုံး (လှီးထားပါ)

ကြက်သွန်ဖြူ  –  ၂ မြွှာ (နုပ်နုပ်လှီးထားပါ)

ဝက်သား  –  ၄၅၀ ဂရမ် (ကြိတ်သား)

ပြောင်းဖူး  –  စားပွဲဇွန်း ၅ ဇွန်း

ပဲစိမ်း  –  စားပွဲဇွန်း ၃  ၁/၂ ဇွန်း

ပါစတာဆော့စ်  –  ၁ ပုလင်း (အသင့်စားရန် ဆော့စ်ပုလင်း)

ခရမ်းချဉ်သီးအတုံးတုံးပြီးသား သံဘူး  –  ၁ ခွက်  (ရေမသွန်ပါ)

နို့စိမ်း  –  ၁/၂ ခွက်

ပင်စိမ်း  –  စားပွဲဇွန်း ၁ ဇွန်း

အော်ရီဂါနိုမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပါစတာ  –  ၄၈၀ ဂရမ်

ဆား  –   အနည်းငယ်

ငရုတ်ကောင်းမည်း  –  အနည်းငယ်

ပါမီဆန်ချိစ်  –  လိုသလောက် (ခြစ်ပြီးသား)

ပြုလုပ်နည်း

၁။       အိုးအကြီးထဲ ဆီ စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ဆီပူလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီး မွှေပါ။ ကြက်သွန်နူးလာသည်အထိ တည်ပါ။ ဝက်ကြိတ်သားထည့်ပြီး မွှေပါ။ ဝက်ကြိတ်သား အရောင်ပြောင်းသည်အထိ တည်ပေးပါ။ ကျန် ဆီ စားပွဲဇွန်း ၁  ဇွန်း၊ ပြောင်းဖူးနှင့် ပဲစိမ်းကို ၃ မိနစ်ခန့် တည်ပါ။ ပါစတာဆော့စ်၊ ခရမ်းချဉ်သီးနှင့် အရည်၊ နို့စိမ်း၊ ပင်စိမ်းနှင့် အော်ရီဂါနိုတို့ကိုထည့်ပြီး သေချာနှံ့အောင် မွှေပါ။ အဖုံးအုပ်ပြီး ၁၅-၂၀ မိနစ်ခန့် တည်ပါ၊ မကြာခဏ မွှေပါ။ ဆားမြည်းပြီး လိုတာထပ်ထည့်နိုင်ပါတယ်။

၂။       ပါစတာကို သူ့အညွှန်းအတိုင်း ပြုတ်ပြီး ရေစစ်ထားပါ။

၃။       ပါစတာပူပူနှင့် စပါဂတ်တီဆော့စ်ကို ဇလုံထဲ သေချာထည့်ပြီး နှံ့အောင်ရောပါ။ ငရုတ်ကောင်းနှင့် ချိစ်များများ ဖြူးပြီး ချက်ချင်းသုံးဆောင်လျှင် ပိုကောင်းပါတယ်။

Facebook Comments