ဝက်တောက်တောက်စဉ်းနှင့် ရုံးပတီသီး မာလာဆော့စ်ကင် (Ground Pork with Okara Mala Sauce Grill)

by Syi Lwin Foods Garden for Food Magazine

          အိမ်မှာ စုပြီး အကင်လုပ်စားကြမယ်ဆိုရင် မာလာဆော့စ်နှင့် နယ်ထားတဲ့ ဝက်တောက်တောက်စဉ်းကို ရုံးပတီသီးထဲ  အဆာသွတ်ပြီး ကင်ထားတာက မွှေးပြီး စားလို့ အဆင်ပြေတာကြောင့် လုပ်စားကြည့်ဖို့ မမေ့နဲ့နော်။

ပါဝင်ပစ္စည်းများ

ဝက်သား  –  ၁၆၀ ဂရမ် (တောက်တောက်စဉ်း)

Mala Sauce  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

နေကြာဆီ  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ဖန်ဇလုံထဲ ဝက်တောက်တောက်စဉ်း၊ မာလာဆော့စ်၊ နေကြာဆီများကို သေချာနှံ့အောင် နယ်ပါ။ ပြီးလျှင် အုပ်ပြီး ရေခဲသေတ္တာထဲ မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။       ရုံးပတီသီးများကို တစ်ခြမ်းကွဲရုံ ဓားရာပေးပါ။ ပြီးလျှင် မာလာဆော့စ်နှင့် နယ်ထားသော ဝက်သားများကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက် သိပ်ပြီး အဆာသွတ်ပါ။ ပြီးလျှင် ရုံးပတီသီးကို ကျန်တဲ့မာလာဆော့စ်အရည်များဖြင့် သေချာနှံ့အောင် သုတ်ပါ။

၃။       အကင်စက် (မီးသွေးမီး) ကို မီးအနေတော် အပူပေးပြီး ကင်ပါ။ ၅ မိနစ်ခန့် ကင်၍ တစ်ဖက်သို့လှန်ပြီး ကင်ပါ။ မာလာဆော့စ်အနှစ်များကို စုတ်တံဖြင့် ရုံးပတီးသီးပေါ် သုတ်ပေးပြီး နောက် ၅ မိနစ်ခန့် ထပ်မံကင်ပါ။ ပူပူလေးကို ကြိုက်နှစ်သက်ရာ အအေးဖြင့် အတူတွဲပြီး သုံးဆောင်လို့ရပါတယ်။

Facebook Comments