ဝက်အူချောင်းထမင်းကြော်

by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ထမင်း  –  ၁ ပွဲစာ

ဝက်အူချောင်း  –  ၂ ချောင်း

ကြက်ဥ  –  ၁ လုံး

ပြောင်းဖူးသေး  –  ၂ ချောင်း

ဗိုလ်စားပဲ  –  ၂ တောင့်

မုန်လာဥနီ  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၂ မြွှာ

ကြက်သွန်မြိတ်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဗိုလ်စားပဲတောင့်၊ ပြောင်းဖူးသေးနှင့် မုန်လာဥနီတို့ကို အတုံးငယ်များအဖြစ် လှီးဖြတ်ထားပါ။

၂။       ဝက်အူချောင်းကိုလည်း ပါးပါးလှီးပါ။

၃။       ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်ဥထည့်ပြီး မွှေပါ။

၎။       ဝက်အူချောင်းထည့်ပြီး ဝက်အူချောင်းရဲ့အနံ့နဲ့ ဆီထွက်လာပြီဆိုလျှင် လှီးထားတဲ့ ပြောင်းဖူးသေး၊ မုန်လာဥနီနှင့် ဗိုလ်စားပဲတို့ကို ထည့်ပါ။ အရသာများထည့်ပြီး ထမင်းထည့်ပါ။

၅။       ထမင်းကြော်လည်းကျက်ပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင်  ပန်းကန်မှာပြင်ကာ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments