ဝက်သားနှင့် ကြက်ဟင်းခါးသီးအစပ်ဟင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ဝက်သား (သုံးထပ်သား)  –  ၃၀ဝ ဂရမ်

ကြက်ဟင်းခါးသီး  –  ၁ လုံး

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်နှစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးစိမ်း  –  ၄ တောင့်ခန့်

နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဦးစွာ ဝက်သားကို အတုံးသေးများတုံးကာ နနွင်းမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့နှင့် နယ်ပြီး နှပ်ထားပါ။

၂။       ကြက်ဟင်းခါးသီးကို တစ်ခြမ်းခြမ်းပြီး အစေ့ထုတ်ကာ ပါးပါးလှီးပါ။

၃။       ကြက်သွန်ဖြူ/နီကို ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်နှစ်ထည့်ပါ။

၎။       နယ်ပြီး နှပ်ထားတဲ့ ဝက်သားထည့်ပါ။ အရသာများ လိုသလိုထည့်ပြီး ရေထည့်ပါ။

၅။       ဝက်သားနူးလာပြီဆိုလျှင် ကြက်ဟင်းခါးသီးထည့်ပါ။ ၁၀ မိနစ်ခန့် အဖုံးအုပ်ပြီး နှပ်ထားပါ။

၆။       ကြက်ဟင်းခါးနူးပြီး ဝက်သားလည်း ကျက်ပြီဆိုလျှင် ငရုတ်သီးစိမ်းထည့်ပါ။

၇။       အားလုံးစုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments