ဝက်သားနှင့် ကြက်ဟင်းခါးသီးချက် (Pork with Bitter Melon Curry)

by Syi Lwin (Foods Garden) for Food Magazine

          ဝက်သားနှင့် ကြက်ဟင်းခါးသီးချက် ရောချက်က အရသာရှိပြီး ထမင်းမြိန်စေသော ဟင်းတစ်ပွဲဖြစ်ပါတယ်။ ချက်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား  –  ၂၅ ကျပ်သား (အနေတော်အတုံး တုံးပါ)

ကြက်ဟင်းခါးသီး  –  ၁ လုံး (ခပ်ပါးပါး အကွင်းလိုက်လှီးထားပါ)

ခရမ်းချဉ်သီး  –  ၃ လုံး (ပါးပါးအတုံးများ လှီးထားပါ)

စပါးလင် –   ၁  ချောင်း (ထုပြီး ၃ ပိုင်း ပိုင်းထားပါ)

ကြက်သွန်နီ  –  ၃ လုံး (နုပ်နုပ်လှီးထားပါ)

ကြက်သွန်ဖြူ –  ၄ မြွှာ (နုပ်နုပ်လှီးထားပါ)

ချင်း  –  အနည်းငယ် (နုပ်နုပ်လှီးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်သီးခြောက်  –  ၁၀ တောင့် (ထက်ခြမ်း ခြမ်းထားပါ)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ

နေကြာဆီ  –  စားပွဲဇွန်း ၂ ဇွန်းခွဲ

ဆား  –  အနည်းငယ်

ရေ  –  ၂ ခွက်

ပြုလုပ်နည်း

၁။       မကပ်သော ဒယ်အိုးထဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ချင်း၊ နနွင်းမှုန့်၊ ဆီ၊ ငရုတ်သီးခြောက်များ  အားလုံးထည့်ပြီး ကြက်သွန်ဖြူ/နီ နွမ်းသည်အထိ တည်ပါ။

၂။       ခရမ်းချဉ်သီးနှင့် ဝက်သားများထည့်ပြီး ခရမ်းချဉ်သီး နွမ်းအောင်တည်ပါ။ ပြီးလျှင် ရေ ၁ ခွက်စီ ထည့်ပါ။ ရေခန်းသည်အထိ တည်ပါ။ ရေခန်းလျှင် နောက် ၁ ခွက် ထပ်ထည့်ပါ။ ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး သေချာနှံ့အောင် မွှေပါ။ ဝက်သား နူးအိအောင်တည်ပါ။ ဝက်သားနူးရန် လိုသေးလျှင် ရေအနည်းငယ် ထပ်ထည့်ပြီး နူးအိအောင်တည်ပါ။ ဆားမြည်းပါ။ လိုတာ ထပ်ဖြည့်နိုင်ပါတယ်။

www.facebook.com/Syi Foodsgarden

Facebook Comments