ဝက်သားနှင့် ပိန်းဥခရုဆီဟင်းလျာ

by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ဝက်သား  –  ၁၅၀ ဂရမ်

ပိန်းဥ  –  ၁၅၀ ဂရမ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ကြက်သွန်နီ  –  ၁ လုံး

ချင်း  –  အနည်းငယ်

တရုတ်နံနံပင်  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ်

ငရုတ်သီးကြော်  –  ၆ တောင့်ခန့်

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည် အကြည်  –  အနည်းငယ်

ပဲငံပြာရည် အနောက်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  များများ

ကော်မှုန့်  -များများ

ပြုလုပ်နည်း

၁။       ဝက်သားကို ပါးပါးလှီးဖြတ်ပြီး ဆား၊ ငရုတ်ကောင်း၊ ဆီ (အနည်းငယ်)၊ ကော်မှုန့် စားပွဲဇွန်း ၁ ဇွန်းဖြင့် နယ်ပြီး အရသာနှပ်ထားပါ။

၂။       ပိန်းဥကို အနေတော်အချောင်းများအဖြစ် လှီးဖြတ်ပြီး ကော်မှုန့်ဖြင့်ကပ်ကာ ဆီပူပူမှာြွကပ်ပြီး ကျက်သည်အထိ ကြော်ပါ။ ပြီးလျှင် ဆီစစ်ပြီး ဆယ်ယူထားပါ။

၃။       ဒယ်အိုးထဲ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ အမျှင်လှီးဖြတ်ထားတဲ့ ချင်းနှင့် ငရုတ်သီးခြောက် ကြော်တို့ကို ထည့်ပြီး ဆီသတ်ပါ။

၎။       အနံ့မွှေးလာပြီဆိုလျှင် အရသာနယ်၍ နှပ်ထားတဲ့ ဝက်သားထည့်ပြီး ဆီသတ်ပါ။

၅။       အရသာများထည့်ပြီး ရေကို လိုအပ်သလို ထည့်ပါ။

၆။       ကြော်ထားတဲ့ ပိန်းဥ၊ တရုတ်နံနံအရွက်များ ထည့်ပါ။

၇။       ဝက်သားလည်း ကျက်ပြီ၊ အနံ့ အရသာလည်း ပြည့်စုံပြီ၊ အနှစ်လည်း ပျစ်လာပြီဆိုလျှင် ကြက်သွန် မြိတ်ထည့်၍ ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments